S A S Ep 8 🚨🔞

23.7K 1.7K 71
                                    

Sugar & Spices Ep 8

“ကိုကို ချီးယားစ်”

အရက်ခွက်ကိုကမ်းပေးလာကာ လီလီက ပြောတာမို့ လှမ်းယူလိုက်ရင်း တစ်ငုံသောက်ချလိုက်သည်။

ဒီနေ့က ရိပေါ်ရဲ့ကောင်မလေးတွေထဲက တစ်ယောက်ဖြစ်သော လီလီရဲ့မွေးနေ့မို့ ပါတီလုပ်ကြမည်ဟုဆိုကာ အကောင်းစား နာမည်ကြီး bar တစ်ခုကို သူငယ်ချင်းတွေနဲ့အတူရောက်လာခဲ့ကြတာဖြစ်သည်။

လီလီ့သူငယ်ချင်းတွေနဲ့ ကိုယ်ကမရင်းနှီးတာမို့ ကျိလီနဲ့ယွီပင်းကိုပါ အပါခေါ်ခဲ့ရသေးသည်။

မဟုတ်ရင် လီလီနဲ့နှစ်ယောက်တည်းလိုမျိုးဖြစ်နေမှာကို ရိပေါ်မလိုလားပါ။

လီလီက တခြားကောင်မလေးတွေထက် ရိပေါ်အပေါ် ပိုပြီးအာဏာလွှမ်းမိုးချင်ပုံရတာမို့ ရိပေါ်က သဘောမကျ။

ကိုယ်ကသာ သူများကို အာဏာပြချင်ပြမည်၊ ကိုယ့်ကို သူ့အပိုင်လိုမျိုး သဘောထားဆက်ဆံတာမျိုးကို ရိပေါ် လုံးဝမကြိုက်။

ပြီးတော့ လီလီက ရိပေါ်ကို skinship တအားလုပ်သည်။

ဖြစ်နိုင်ရင် လူရှေ့မရှောင် သူရှေ့မရှောင် ပေါင်ပေါ်တက်ထိုင်ချင်တာမျိုး။

ရိပေါ်က ထိုသို့လုပ်တာလုံးဝမကြိုက်။

ရှက်တတ်လို့မဟုတ်ပဲ အဲလိုမျိုး နေရထိုင်ရတာကို ရိပေါ်မနှစ်သက်။

မိန်းကလေးတွေထည်လဲတွဲရတာကို သဘောကျပေမယ့် တွဲသမျှမိန်းကလေးတိုင်းကို အသားယူတတ်တဲ့အကျင့်တော့မရှိပေ။

အခုလဲ လီလီ့ကိုရုပ်ကလေးလှလို့သဘောကျပြီးတွဲခဲ့ပေမယ့် သူ့အမူအကျင့်တွေကို မကြိုက်လှတာမို့ ခေါက်ပစ်ဖို့ဆုံးဖြတ်ထားပြီးသား။

ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့က သူမမွေးနေ့ဖြစ်နေလေတော့ မနက်ဖြန်မှသာ ဖြတ်မယ်လို့စဉ်းစားထားသည်။

ရက်စက်တတ်တဲ့အသည်းခွဲသမားလို့ နာမည်ကြီးမှာ မကြောက်ပေမယ့် သူတစ်ပါးမွေးနေ့မှာတော့ စိတ်ညစ်အောင်မလုပ်ချင်တာ ရိပေါ်ရဲ့ စိတ်ထားအမှန်ပါပဲ။

“ကိုကို သောက်လေ ဒီနေ့သောက်တာနည်းလိုက်တာ”

“အင်း ဒီနေ့ သိပ်သောက်ချင်စိတ်မရှိဘူးဖြစ်နေလို့”

Sugar and Spices (Completed)Hikayelerin yaşadığı yer. Şimdi keşfedin