S A S - Ep 33

15.8K 1.5K 263
                                    

Sugar and Spices Ep 33

“အားးးး”

မျက်လုံးထဲ မျက်နှာသစ်ဆပ်ပြာဝင်သွားတာမို့ ရိပေါ်ရုတ်တရက်အော်လိုက်မိတော့ ဘယ်နားက ဘယ်လိုအနားကိုရောက်ချလာမှန်းမသိတော့ ကိုကိုရယ်။

“ကလေး .. ကလေး ဘာဖြစ်လို့လဲ”

“မျက်လုံး .. မျက်လုံးထဲ ဆပ်ပြာဝင်သွားလို့”

“ဖယ် .. ကိုကိုမျက်နှာသစ်ပေးမယ်”

မျက်လုံးနားက ရိပေါ်ရဲ့လက်တွေကိုဖယ်စေလျက် ရိပေါ်ရဲ့မျက်နှာကို ရေနဲ့ စိတ်ရှည်လက်ရှာ ခပ်ဖွဖွဆေးပေးနေသော ကိုကို့ကြောင့် ရင်ထဲမှာ အမျိုးအမည်မသိသော လှိုင်းသေးသေးလေးဖြတ်သန်းလို့သွားရသည်။

အဲလို အကြင်နာတွေနဲ့ လူကို ပြုစားနေမှတော့ ရိပေါ်က မရူးပဲနေပါ့မလား။

ဘာမဟုတ်တဲ့ ဆပ်ပြာလေး မျက်စိထဲဝင်သွားတာကိုတောင် ပြာယာခတ်အောင် စိတ်ပူနေသော လူသားတစ်ယောက်ဆီမှာ ရိပေါ် ပြိုလဲမိတာ ရိပေါ်မမှားဘုးမဟုတ်လား။

“စပ်သေးလား ဟမ် … ကလေးလေး မျက်လုံးဖွင့်ကြည့်ပါအုံး”

မျက်လုံးကိုခပ်ဖြည်းဖြည်းဖွင့်ကြည့်လိုက်တော့ စိုးရိမ်မှုအပြည့်နဲ့ကြည့်နေတဲ့ ကိုကိုနဲ့မျက်လုံးချင်းစုံသည်။

အဲဒိညိုတိုတိုမျက်ဝန်းလေးတွေမှာ ချစ်ခြင်းတွေနဲ့ပြည့်နှက်နေလို့ ရိပေါ်အနေရခက်စွာ မျက်လုံးအကြည့်ကို အောက်လို့နည်းနည်းကြည့်မိတော့ … ဟောဗျာ။

အဝတ်အစားလဲရင်းတန်းလန်းဖြစ်ပုံရသော ကိုကိုက အကျီလဲမပါ။

ဘောင်းဘီမှာ ခါးပတ်တောင် အပြည့်မတပ်ရသေးပဲ တန်းလန်းနဲ့လေ။

ခါးစောင်းမှာ မြင်ရတဲ့ tattoo လေးရယ်၊ အဆီအပိုမရှိတဲ့ ဗိုက်သားချပ်ချပ်လေးရယ်ကိုအမြင်မှာ ရိပေါ် တံတွေးတို့မြိုချလိုက်ရသည်။

စိတ်ထဲမှာ tattoo လေးကို တစ်ခါလောက်ထိကြည့်မယ်လို့တွေးနေတုန်း လက်ကထိနှင့်ပြီးနေပြီ။

ကိုကိုကတော့ ရုတ်တရက်ကြီး သူ့ခါးကိုလာကိုင်တဲ့ရိပေါ်ကိုကြောင်ကြည့်နေတုန်း။

Sugar and Spices (Completed)Onde histórias criam vida. Descubra agora