S A S Ep 9

17.8K 1.6K 81
                                    

"ရိပေါ် သားရေ နိုးပြီလား"

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

"ရိပေါ် သားရေ နိုးပြီလား"

နားထဲဝင်ရောက်လာသည့်အသံကြောင့် ရှောင်းကျန့်အိပ်ရာမှနိုးလာတော့ ပုံမှန်မဟုတ်သောအနေအထားကို သတိထားလိုက်မိသည်။

အာ .. သူညကရိပေါ်အခန်းမှာအိပ်ပျော်သွားတာပဲ။

ညတုန်းက နှစ်ယောက်သား တော်တော်ကဲလိုက်ကြတာ ဘယ်အချိန်မှ အိပ်ရာဝင်ဖြစ်ကြသလဲတောင် ရှောင်းကျန့်မမှတ်မိ။

အခုတော့ ညက ဆိုးထားတာသူမဟုတ်တဲ့အလား ရိပေါ်က ရင်ခွင်ထဲမှာ ကွေးကွေးလေးအိပ်နေပြန်ရော။

မနက်လင်းတဲ့အခါ သူမဟုတ်သလိုပဲ ခင်ဗျားထွက်လားလို့ အော်ဟစ်နေအုံးမှာလဲ ရှောင်းကျန့်ကြိုတွေးမိသည်။

ဒါပေမယ့် ဒီနေ့တော့ ကောင်လေးစိတ်တိုင်းကျ ရှောင်းကျန့်ဖြစ်ခွင့်မပေးနိုင်တော့ဘူး။

တစ်ကြိမ်တစ်ခါဖြစ်တာကိုမေ့လိုက်နိုင်ပေမယ့် နှစ်ကြိမ်နှစ်ခါဆိုရင်တော့ ရှောင်းကျန့်လက်မရှောင်နိုင်တော့ဘူး။

အထူးသဖြင့် အဲဒါက ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးမို့လို့ ရှောင်းကျန့်ပိုပြီး လက်မလွှတ်ပေးနိုင်တော့ဘူး။

ရိပေါ်ကိုချစ်သလား .. ရိပေါ်က ကိုယ့်ကိုပြန်ချစ်မှာလားဆိုတဲ့ မေးခွန်းကို နောက်မှဖြည်းဖြည်းချင်း အဖြေရှာတော့မည်။

အဲဒီလိုအဖြေရှာနေတဲ့ကာလလေးမှာ ဒီကောင်လေးကို ကိုယ့်အပိုင်ဖြစ်အောင်လုပ်ထားချင်သည်။

ရိပေါ်ကို ငုံကြည့်လိုက်တော့ ရင်ဘတ်ဖွေးဖွေးမှာ ကိုယ်ပေးတဲ့အမှတ်အသားတွေအပြည့်၊ ကိုယ့်ဘာသာပြန်ကြည့်တော့လဲ ထိုးနည်းတူပင်။

Sugar and Spices (Completed)Tempat cerita menjadi hidup. Temukan sekarang