တလီပြည်ဟု ဆိုလိုက်လျှင် 'ဆန်ရေစပါး ပေါကြွယ်ဝခြင်း၊ စစ်အင်အား တောင့်တင်းခြင်း၊ စစ်ရေးပရိယာယ်ကြွယ်ဝရုံသာမက မည်သည့် အခြားတိုင်းပြည်ကိုမှ မကျူးကျော်ရန်မစ၊ ကိုယ့်ပြည်ကိုကျူးကျော်ရန်စလည်း မီးကုန်ယမ်းကုန် လက်စားချေတတ်ခြင်း၊' ကိုတိုင်းသူပြည်များနှင့်တကွ အခြားတိုင်းပြည်များပါ သိရှိကြသည်။
မင်း(၄)ဆက်မြောက် ယခုအုပ်ချုပ်စိုးစံသူ တလီပြည့်ရှင်မင်းကြီး လီယွမ်မင်တွင် မိဖုရား (၄)ရှိ၍ သားတော်(၄)ပါးနှင့်တကွ သမီးတော် (၁)ပါးရှိသာရှိလေတယ်။
တလီပြည်ရဲ့ရှောင်းအိမ်တော်ရှေ့တွင် ရှင်ဘုရင့်အမိန့်တော်စာချွန်လွှာပါးသူ နန်းတွင်းအမှူ ထမ်းရောက်လို့နေသည်။
"ရှောင်းစစ်သူကြီးနှင့်တကွ ရှောင်းအိမ်တော်သားများအမိန့်နာခံစေ"
စာချွန်လွှာပါးသူ အမှူ ထမ်းရဲ့အမိန့်စကားအဆုံးမှာတော့ရှောင်းမိသားစုအားလုံး အလိုလိုဒူးထောက်ပြီးသား။ ထိုသူမျိုးထံ၌ ဘုရင့်အမိန့်တော် ပါပြီးသားမို့ တစ်အိမ်သားလုံး အိမ်တွင်ရှိနေပါက အမိန့်နာယူရမည်မှာ ဓလေ့ထုံးစံပင်ဖြစ်လေသည်။
YOU ARE READING
တော်ဝင်သည်...သို့သော်ငြားလည်း
Historical Fiction"မြောက်လေတိုက်လှပြီ... သခင်ကိုလည်း လွမ်းလှပြီ။ နန်းတော်စွန်း နေညိုရီ... သခင်အနမ်းတွေ လွမ်းလှပြီ။ ရွှေသလွန်ထက်က မြကတ္တီပါ... သခင်ရင်ငွေ့ မမှီနိုင်ပါ။ ညတွင် ပိုမိုလွမ်းမိ... သခင်ထံ ပုံအပ်ချင်မိ။ မှေးစက် မပျော်နိုင်တာ...