"လီဝမ်.....။"
"ဟုတ်.......။"
"ကိုယ် စစ်ထွက်သွားရင် နန်းတော် သိပ်မသွား
နဲ့တော့၊ မယ်တော်ကြီးဆီ သွားရတဲ့ရက်ပဲသွား။တူတော်လေးကို ချစ်လည်း နန်းတော်ခဏခဏ
မသွားနဲ့.....။ကိုယ်သိပါတယ် လီဝမ်လည်း အခုမှ တူတော်
လေးနဲ့ အမတော်ကို လွတ်လွတ်လပ်လပ်
တွေ့ရတယ်ဆိုတာ....၊ ဒါပေမယ့်မိဖုရားကြီးက လီဝမ့်အမတော်ဖြစ်လည်း
မယ်တော်ကြီးရဲ့ ကိစ္စတွေကို ဝင်ပါနိုင်မှာမဟုတ်တာကြောင့် လီဝမ်ပြသနာတစုံတခုဖြစ်ခဲ့ရင်
မိဖုရားကြီးဝမ်ချင်လည်း ကယ်နိုင်မှာ မဟုတ်
ဘူး...။""ဟုတ်....ကောပြောတာ ကျွန်တော်နားလည်
ပါတယ်....။""ပြီးတော့ မင်းသားသုံးကို ရှောင်နိုင်သမျှ
ရှောင်ရမယ်.....။""အာာာ.....အကိုတော်သုံးက လက်ဆက်တော့မှာကို....ချင်ချင်(လီစစ်ချင်)လေးရဲ့ အိမ်ရှေ့စံ
အပ်နှင်းပွဲရှိလို့သာ အကိုတော်သုံးရဲ့ လက်ဆက်ပွဲက နောက်ရွေ့ထားတာလေ၊အဲဒါကလည်း ခမည်းတော် ကံကုန်ထားတာ
သိပ်မကြာသေးဘဲ ပျော်ပွဲရွှင်ပွဲတွေ ဆက်တိုက်
ကြီး မကျင်းပချင်သေးလို့လေ....ကောလည်း
သိတာပဲကို.....။""ကိုယ်သိပါတယ် ဒါပေမယ့်!!!....။"
"ကောကလည်း ဘာဒါပေမယ့်လည်း ....၊
အခုပဲ ၃နှစ်ကျော်နေပြီ ဘာမှလာမပတ်သတ်တာ့ဘူးလေ......။စိတ်မပူပါနဲ့တော့ အကိုတော်သုံးက အရင်စိတ်တွေ မရှိတော့လို့သာ ချစ်သူမိန်းခလေးရှိလာ
တာပေါ့....။အခု အကိုတော်သုံး
လက်ဆက်မဲ့ မိန်းခလေးက ယွဲ့တိုင်းပြည်က
သာမန်ကုန်သည်ကြီး သမီးတဲ့၊ တော်တော်
လေးကို ချောမောလှပတယ်လို့လည်း
ကြားတယ်....၊ လက်ဆက်ပြီးရင်လည်း ယွဲ့တိုင်း
ပြည်မှာပဲ အခြေချဖြစ်ဖို့ များတယ်တဲ့....။"
YOU ARE READING
တော်ဝင်သည်...သို့သော်ငြားလည်း
Ficción histórica"မြောက်လေတိုက်လှပြီ... သခင်ကိုလည်း လွမ်းလှပြီ။ နန်းတော်စွန်း နေညိုရီ... သခင်အနမ်းတွေ လွမ်းလှပြီ။ ရွှေသလွန်ထက်က မြကတ္တီပါ... သခင်ရင်ငွေ့ မမှီနိုင်ပါ။ ညတွင် ပိုမိုလွမ်းမိ... သခင်ထံ ပုံအပ်ချင်မိ။ မှေးစက် မပျော်နိုင်တာ...