ပြောရင်းပင် သွေးများထပ်အန်လာသည့် အကို
တော်ကြောင့် ညီတော်ငယ်လေးမှာ မျက်ရည်
များကျရင်း ခေါင်းညိတ်ပြလာတယ်။"အကိုတော်... ဒီလိုအစောကြီး...သေရမှာသိလို့်
ဝမ်လေးကို....မပြန်ခိုင်းတာပါ....အခုတော့....
ပြောရင်းသေရတော့မှာပေါ့.......။
သေချာမှတ်ထားနော် ......ဝမ်လေး.....
ညီတော်သုံးလက်ထဲက...........
ဘယ်လိုအကြောင်းနဲ့ပဲ.....ဖြစ်ဖြစ်....
လွတ်အောင်ရုန်းပါ.....သူ့လက်ချက်နဲ့...
အသေမခံပါနဲ့.....အဟွတ်....။
စကားတခွန်းပြောထွက်ဖို့အရေး အားတင်းကာ
ပြောနေရသည့် အကိုတော်မင်းကြီးရဲ့ နောက်
ဆုံးထွက်သက်က ညီတော်ငယ်လေးရဲ့ လက်
ပေါ်မှာပင် ဖြစ်လာမှာမလို့သွားရမယ့်သူရဲ့ ဝေဒနာက မသက်သာလှသလို
ကျန်ခဲ့ရမယ့်သူရဲ့ ဝေဒနာကလည်း မသေးငယ်
လှပါဘူး။သွေးသားရင်းချာတယောက်ရဲ့ နောက်ဆုံးထွက်
သက်ကို ထွေးပွေ့ရင်းကြည့်ရူနေရတယ့်ဒုက္ခဟာ ဖြစ်လေရာဘဝမှာ
ပုထုဇဉ်ဘယ်လူသားမှ မကြုံချင်တဲ့ အဆိုးဝါးဆုံးဒုက္ခတွေထဲက ဒုက္ခတခုမလို့ ညီတော်ငယ်
လေးလည်း ရင်ထဲမချိအောင် ခံစားနေရတယ်။"အကိုတော်....အကိုတော်ရဲ့.....ကလေးတွေ
ကိုလည်း...စောင့်ရှောက်ပေးပါ...။
အကိုတော်....တောင်းဆိုတာပါ....ကတိ..ပေး
နိုင်မလား....ကတိပေး...ပါနော်...။"
အကိုတော်ရဲ့တောင်းဆိုမူက အကိုတော်
မတောင်းဆိုခဲ့ရင်တောင် ကျွန်တော်လုပ်ပေးရမဲ့
အရာတွေမလို့ အလျင်အမြန်ပဲကတိပေးရတယ်။"ဝမ်းသာ...လိုက်တာ....ပြီးတော့...ခမည်းတော်
ကိုလည်း....ညီတော်သုံး....သတ်!!!........။"
YOU ARE READING
တော်ဝင်သည်...သို့သော်ငြားလည်း
Ficción histórica"မြောက်လေတိုက်လှပြီ... သခင်ကိုလည်း လွမ်းလှပြီ။ နန်းတော်စွန်း နေညိုရီ... သခင်အနမ်းတွေ လွမ်းလှပြီ။ ရွှေသလွန်ထက်က မြကတ္တီပါ... သခင်ရင်ငွေ့ မမှီနိုင်ပါ။ ညတွင် ပိုမိုလွမ်းမိ... သခင်ထံ ပုံအပ်ချင်မိ။ မှေးစက် မပျော်နိုင်တာ...