"ချစ်ညီလေး အတွင်းသားလေးတွေက
နွေးနေတာပဲ၊ ဒါတောင် လက်အရသာပဲ
ရှိသေးတာ။""အကိုတော် စတော့မယ်နော်၊
စိတ်လျော့ထား..........။""မင်းသားလေး!!!!"
"လူယုတ်မာ၊ လူယုတ်မာကြီး။"
"ခွပ်၊ခွပ်။"
"ကဲကွာ ခွပ်...ခွပ်...ခွပ်...။"
ကျင်းရီ၊ တော်သေးတာပေါ့ ကျင်းရီရောက်လာ
လို့၊ အချိန်မှီလေး တကယ့်ကို ကပ်သီလေး။ကျင်းရီက အကိုတော်သုံးကို အားနဲ့ကို ထိုးနေ
တာ၊ အကိုတော်သုံးက လူရောက်လာမယ်
မထင်ထားတော့ အလစ်အငိုက်ခံသွားရတာ၊၊အကိုတော်သုံးက လက်နက်မပါလာလို့သာပေါ့၊
ကျင်းရီကတော့ အကိုတော်သုံးကို ခွပြီး
အားရပါးရ ထိုးနေတာ၊ ကြည့်နေရင်း လက်ကို
ပါ လိမ်ချိုးလိုက်တာ တွေ့ရတယ်။ကျင်းရီလည်း သိမှာပေါ့၊ အကိုတော်သုံးလို
မင်းသားတပါးကို သူသတ်လိုက်လို့ မရဘူး
ဆိုတာ၊ အဒါကြောင့် အကိုတော်သုံး ပြန်မလုပ်
နိုင်ခင် သူက ဦးအောင်လုပ်နေတာ။"တောက်!
မင်းလို အစေခံကောင်က လူပါးဝလို့
ငါ့လက်ကို ချိုးရဲတယ်ပေါ့။""မင်း အသက် ဖက်နဲ့ထုတ်ထားလိုက်
အစေခံကောင်၊၊
ဝမ်ရိပေါ် မင်းလည်း အသက်ရှင်နေသမျှ
ငါ့လက်က လွတ်မယ်မထင်နဲ့၊ နောက်မှ မင်းကို အမှုန့်ကြိတ်ပစ်မယ်။"အကိုတော်သုံးက ကျိုးသွားတဲ့ သူ့လက်တဖက်
ကို ထိန်းကိုင်ပြီး ပြောချင်ရာပြောကာ ထွက်သွား
တော့ ကျင်းရီက သူ့အပေါ်ဝတ်တွေချွတ်ပြီး
မျက်နှာလွဲလျက် ခြုံပေးလာတယ်။အကိုတော်သုံး ချည်ထားတဲ့ လက်ကကြိုးကို
အရင်တခါလိုပဲ ဓားနဲ့ဖျက်ရတယ်။
ကျင်းရီကတော့ မျက်ရည်တွေသာကျလာပြီး
သူ့ကို ပွေ့ချီလာတယ်။
YOU ARE READING
တော်ဝင်သည်...သို့သော်ငြားလည်း
Tiểu thuyết Lịch sử"မြောက်လေတိုက်လှပြီ... သခင်ကိုလည်း လွမ်းလှပြီ။ နန်းတော်စွန်း နေညိုရီ... သခင်အနမ်းတွေ လွမ်းလှပြီ။ ရွှေသလွန်ထက်က မြကတ္တီပါ... သခင်ရင်ငွေ့ မမှီနိုင်ပါ။ ညတွင် ပိုမိုလွမ်းမိ... သခင်ထံ ပုံအပ်ချင်မိ။ မှေးစက် မပျော်နိုင်တာ...