တပတ်ခန့်ကြာပြီးနောက်...............။
"ကျင်းရီ၊ မင်းသားလေးကော...။"
"ရေချိုးကန်မှာပါ သခင်လေး"
"ကြာပြီလား၊ ဘယ်ချိန်ထဲကလဲ။"
"နေ့လည်ထဲကပါ"
"သွားခေါ်၊ ငါခေါ်ခိုင်းတာလို့ပြော။"
"ဟုတ်ကဲ့ သခင်လေး"
ရိပေါ် လူကြီးခေါ်တယ်ဆိုလိုသာ ပြန်လာရတာ
အဝတ်တွေက ရေစိုနေတော့ အခန်းထဲက
လူကြီးရှေ့ ဖြတ်လျောက်ရမှာ ရင်တထိတ်ထိတ်
နဲ့ပါ၊ ပြောရတာမဟုတ်ဘူး တခုခုထလုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။
ဟူး........တော်ပါသေးရဲ့ ဘာမှမလုပ်လို့....။ဒါပေမယ့် နှစ်ခါပြန်စဉ်းစားမလိုအောင်
သူနဲ့လူကြီးနဲ့က ဟိုဟာတွေလေ၊
လင်မယားတွေ...၊အဲ မဟုတ်ဘူး လင်လင်တွေလေ၊ ဟိုလူကြီး ဟိုဟာလုပ်လည်း
သူတားပိုင်ခွင့်မှ မရှိတာ၊ ဒါပေမယ့်လေ
ဖြစ်နိုင်ရင် လူကြီးနဲ့ အခုလို လင်လင်တွေမဟုတ်ဘဲ တကယ်ချစ်ကြတဲ့ လင်လင်တွေပဲ
ဖြစ်ချင်တယ်။
လူကြီးဘက်က ကျွန်တော်ကို
ဘယ်လိုပဲ သဘောထားပါစေ၊
လူကြီးက ကျွန်တော်အပိုင်လို့ သတ်မှတ်ချင်
လိုက်တာ၊ လူကြီးကို ကျွန်တော် ချစ်မိတော့
မယ် ထင်တယ်......။"ကောင်လေး အဝတ်လဲပြီးရင် သွားမယ်၊
ဒီညနေက မိသားစုအားလုံးနဲ့ ညစာ စားနေကြနေ့လေ မှတ်မိတယ်မလား၊
ငါတို့နောက်ကျနေရင် မကောင်းဘူး၊
မင်း ပြီးရင်သွားမယ်။""ရိပေါ်လေး ထည့်စားနော်" ပြောပြီး ဟင်းတွေ
ခပ်ထည့်ပေးနေတဲ့ အမေ၊
ကျန်တဲ့သူတွေ အားလုံးက မင်းသားလေးခေါ်
ကြပေမယ့်၊ အမေကတော့ ရိပေါ်လေးပဲ ခေါ်
နေကြ။"အကို၊ မနက်ဖြန်ကျ အိမ်ရှေ့မင်းသားနဲ့
မင်းသားသုံး ပြန်ရောက်မယ်ဆိုတာ
အမှန်လား""ချွမ်လ်..............။"
လက်ထဲကိုင်ထားတဲ့ တူလေး လွတ်ကျသွားတဲ့
ကောင်လေး။
လက်တွေက တုန်နေတာလား၊
နေမကောင်းဘူးလား တွေးတုန်းရှိသေး......။"ရိပေါ်လေး နေမကောင်းဘူးလား၊
ခေါင်းမူးနေတာလား မေမေတို့ ဘာလုပ်
ပေးရမလဲ၊ သားကြီး ပြီးရင် ရိပေါ်လေး
ကျန်းမာရေး ကြည့်ပေးပါဦးကွယ်၊
အခု စမ်းသပ်လိုက်ပါလား။"အမေ့ စကားဆုံးတာနဲ့ ခေါင်းခါရင်း လက်ကာ
ပြတဲ့ ကောင်လေး၊ တအိမ်လုံးကို ချစ်စဖွယ်ပြုံး
ပြရင်း တောင်းပန်တဲ့ အမူအရာလေးလုပ်ပြပြီး
ထမင်းသာ ဆက်စားနေတာ။အခုလိုကျတော့လည်း ရှောင်းကျန့်သာမက
တအိမ်သားလုံး အသနားပိုရတယ်၊
မင်းသားလေးတပါး ဖြစ်တဲ့အပြင် ချောမောလှပ
တဲ့ ရုပ်ရည်လေး ပိုင်ဆိုင်ထားပေမယ့်
စကားမပြောတတ်လေတော့ သူလည်း
အားငယ်ရှာမှာပေါ့။တိတ်ဆိတ်သွားတဲ့ ထမင်းဝိုင်းကို အဖေက
ပြန်ပြီး အသက်ဝင်စေတယ်။"ရှင်မကို ဘယ်သူပြောလဲ၊ မင်းသားတွေ
ပြန်ရောက်မယ့် အကြောင်းက။""အကို့ သားငယ်ပြောတာ၊
မင်းသားတစ် အိမ်ရှေ့စံနဲ့ မင်းသားသုံးတောင်
ပညာသင်က ပြန်လာကြပြီးတော့
မင်းသားနှစ်က တခါထဲပြန်လိုက်မလာဘူးလား။""မင်းသားနှစ်က နောက်တပတ်ကြာမှ ရောက်
မယ်တဲ့၊ သူ့မယ်မယ်ရဲ့ ဆွေတော်မျိုးတော်တွေ
အိမ်ကို ဝင်ကန်တော့ဦးမှာမလို့တဲ့၊
မင်းသားနှစ် တဝက်လောက်သာ အိမ်ရှေ့စံ
လိမ်မာရင် ဘယ်လောက်ကောင်းမလဲ။""အကိုရယ် အခုလို လိမ်မာလို့ပဲ မင်းသားနှစ်က
နန်းတော်မှာ ဘယ်တုန်းက ကြာကြာနေရဖူးလို့
လဲ၊ အကြောင်းအမျိုးမျိုးနဲ့ နန်းတော်နေရချိန်
တောင် သိပ်ရှိတာမဟုတ်ဘူးဆို၊
မင်းသားသုံးလည်း အတူပြန်ပါလာပြီဆိုတော့
နန်းတော်ကြီးတော့၊ အင်း.....ပွဲစည်ပြီပေါ့။""အယ်.....အကိုရေ၊ ရှင်မတို့က မင်းသားငါး
လေး ရှေ့မှာထားပြီး သူ့အကိုတော်တွေ
အကြောင်း ပြောမိနေကြတာပဲ။""မေမေကပဲ တောင်းပန်ပါတယ်၊
ခွင့်လွှတ်ပေးပါ ရိပေါ်လေး၊
မေမေတို့ မိသားစုညစာ ထမင်းဝိုင်းက
အခုလိုပဲ စားနေကြလေ၊
ပြီးတော့ ရိပေါ်လေးကို မေမေတို့က
မင်းသားလေးဆိုတာထက် မိသားစုဝင်
တယောက်လိုကို သဘောထားပြီး
အခုလိုတွေ ပြောမိတာပါ။"အမေစကားတွေကို ခေါင်းလေးညိမ့်ပြီး
လက်ခံကြောင်းနဲ့ သူဘယ်လိုမှ သဘောမထား
ကြောင်းကို ကိုယ်နားလည်တာမို့
အမေတို့လည်း နားလည်ပါတယ် ကောင်လေး။
YOU ARE READING
တော်ဝင်သည်...သို့သော်ငြားလည်း
Historical Fiction"မြောက်လေတိုက်လှပြီ... သခင်ကိုလည်း လွမ်းလှပြီ။ နန်းတော်စွန်း နေညိုရီ... သခင်အနမ်းတွေ လွမ်းလှပြီ။ ရွှေသလွန်ထက်က မြကတ္တီပါ... သခင်ရင်ငွေ့ မမှီနိုင်ပါ။ ညတွင် ပိုမိုလွမ်းမိ... သခင်ထံ ပုံအပ်ချင်မိ။ မှေးစက် မပျော်နိုင်တာ...