ရှောင်းကျန့်ကို စုန့်နယ်စပ်မြို့ငယ်လေးမှာ ရှာ
တွေ့ပြီဆိုတဲ့ သတင်းက ကျွန်တော်ဟွိုက်ခွမ်းအတွက်တော့ ဝမ်းသာစရာသတင်းထက် ပိုပါတယ်။
ရှောင်းကျန့်အတွက် မစိုးရိမ်ရတော့တဲ့အပြင်
ဝမ်မင်းသားငယ်လေးနဲ့ ရှောင်းမိသားစုကို ကယ်
တင်ဖို့က ရှောင်းကျန့်ရှိမှကို ဖြစ်မှာ။ဒဏ်ရာတွေနဲ့ ရှောင်းကျန့်ကို အခုလျှို့ဝှက်ပို့ထား
ရတာက စုန့်တိုင်းပြည်မင်းကြီးရဲ့ ယောက်ဖတော်ဖြစ်နေသူ တလီတိုင်းပြည်ရဲ့မင်းသားနှစ်
လီဟွားချန်ဆီမှာ။ဝမ်မင်းသားငယ်ရဲ့ အကိုတော်တွေထဲမှာတော့
မင်းသားနှစ်က သူ့ညီတော်ဝမ်မင်းသားငယ်ကို
ညီအကိုအရင်းချာကဲ့သို့ ချစ်ပုံရတယ်၊ ဒါကြောင့်
လည်း အခုရူပ်ထွေးနေတဲ့ အခြေအနေကို သူုလည်း ပူးပေါင်းကူညီပေးပါရစေဆိုပြီး သူ့ဘက်ကပဲ စတင်ဆက်သွယ်ထားလေတော့ အခုလို
ရှောင်းကျန့်ကို မင်းကြီးလီမင်ဖေးလက်က လွတ်အောင် ထားနိုင်တဲ့အပြင် ရှေ့ဆက်လုပ်ကိုင်
ရမယ့် အစီအစဉ်တွေကိုလည်း သေချာစီစဉ် ဆွေးနွေးနိုင်တာပေါ့။နန်းတွင်းတခုလုံးက အမတ်တွေက သူ့နည်းသူ့
ဟန်တွေနဲ့
အခုလက်ရှိနန်းတွင်းအရေးတွေရဲ့ အရူပ်တော်ပုံကို သူ့ထက်ငါဦးအောင် စုံစမ်းနေကြခြင်းကြောင့် သတင်းအစစ်သာမက သတင်းအတုလုပ်
ရောင်းသူတွေကြောင့်
ကျွန်တော်တို့အတွက် သတင်းနဲ့ သက်သေစုရတာ ခက်ခဲမယ်ထင်ခဲ့ပေမယ့် အချို့သောသတင်းတွေက ပိုမိုလွယ်ကူခဲ့လို့ မိုးနတ်မင်းကို ကျေးဇူးတင်ရတယ်။ဒီရက် နန်းတော်ထဲက အတွင်းသတင်းတွေအရ
အခုလက်ရှိမင်းကြီးလီမင်ဖေးနဲ့ သူ့မယ်တော်တို့
အကြီးအကျယ် သဘောထားကွဲလွဲနေကြတယ်
ဆိုတာ သိရတယ်။
ပြီးခဲ့တဲ့တပတ်က အရင်မင်းကြီးလီစစ်ဖေးလုပ်ကြံမူမှာ မတရားလုပ်ကြံစွပ်စွဲခံထားရတဲ့ ရှောင်း
မိသားစုကို ကွပ်မျက်မိန့်ချခဲ့ပေမယ့် ရှောင်းမိသားစုရဲ့ ကွပ်မျက်မိန့်ကို နောက်ရွေ့ခဲ့ပြီး အမူ
ကို ပြန်လည်ကြားနာမယ်ဆိုတဲ့ မင်းကြီးလီမင်ဖေးဟာ အခြားတဖက်မှာ ဘာတွေများ ထပ်မံကြံ
စည်နေမလဲလို့် ကျွန်တော်တို့ တွေးပူရပြန်တယ်။
YOU ARE READING
တော်ဝင်သည်...သို့သော်ငြားလည်း
Historyczne"မြောက်လေတိုက်လှပြီ... သခင်ကိုလည်း လွမ်းလှပြီ။ နန်းတော်စွန်း နေညိုရီ... သခင်အနမ်းတွေ လွမ်းလှပြီ။ ရွှေသလွန်ထက်က မြကတ္တီပါ... သခင်ရင်ငွေ့ မမှီနိုင်ပါ။ ညတွင် ပိုမိုလွမ်းမိ... သခင်ထံ ပုံအပ်ချင်မိ။ မှေးစက် မပျော်နိုင်တာ...