"ကော လေ့ကျင့်ကွင်း သွားကြမယ်လေ။"
"အင်း သွားမှာပေါ့၊ လီဝမ်တကယ်ကော သက်သာရဲ့လား။"
"ဟုတ် သက်သာနေပါပြီဆို။"
"သွားမယ်နော် ဓားရေးသင်ချင်လှပြီ၊
မနေ့ထဲက သွားရမှာကို ကျန့်ကောကြောင့်
မသွားလိုက်ရဘူး။""ဟုတ်ပါပြီ မြန်မြန်သွားချင်ရင် ဝတ်စုံလဲလိုက်။"
ဝတ်နေကျ ဝတ်စုံ ဖြူ ဖြူ လေးအစား၊ ဓားရေးကျင့်
ိဖို့ ပေါ့ပါးတဲ့ ဝတ်စုံအပြာလေးနဲ့လည်း ကောင်လေးရဲ့ ချောမောလှပမူတွေက တမျိုးတဖုံကြည့်
ကောင်းနေပြန်တယ်။လက်ဆက်ပြီးကာစက ကောင်လေးကို သူ့
ဝေယာဝဇ္ဇ သူ့ဘာသာလုပ်တတ်စေခဲ့တာ
ကြောင့် အခုဆိုကောင်လေးက ကျင်းရီအကူ
အညီမပါဘဲ သူ့ဘာသာပင် ကျွမ်းကျင်စွာ လုပ်တတ်နေပြီ။မထုံးဖွဲ့စဖူး ရှင်းလင်းသေသပ်စွာ ထုံးဖွဲ့ထားတဲ့
ဆံပင်လေးတွေကြောင့် ယောကျာ်းပီသတဲ့ မေးရိုးချွန်ချွန်လေးတွေက ပိုထင်ပေါ်သွားတယ်။
အခုလိုပုံလေးက ချောမောလှပတာထက်
ချောမောခန့်ညားတဲ့ ပုံလေးပေါ့။မေးရိုးထင်းပြီး ပါးလေးဖောင်းနေတဲ့သူမျိုးက
ရှားပါးလှသလို ကောင်လေးကလည်း ကျွန်တော်အဖို့ ရှားပါးအဖိုးတန်လေး။အချစ်ဆိုတာ ဘယ်လိုမျိုးလဲလို့ ကျွန်တော်ကို
မေးရင် ကျွန်တော်တကယ်မသိပါဘူး၊ ဒါပေမယ့်
ကောင်လေးရဲ့ ဘယ်လိုအပြုအမူသေးသေးလေးကမဆို ကျွန်တော့်အတွက်တော့ ချစ်မြတ်နိုးဖွယ်ကြီးပဲ။ကောင်လေးကို ပိုင်ဆိုင်ခွင့်ရတာ စစ်ပွဲတွေဆီက အောင်မြင်မူကို ပိုင်ဆိုင်ရတာထက်ကို ပိုတန်ဖိုးထားတာမလို့ နောင်အနာဂတ်မှာ ကျွန်တော်ရဲ့ ပိုင်ဆိုင်မူလေးကို စွန့်လွှတ်လိုက်ရရင်
ကျွန်တော်....ကျွန်တော်ဆက် မတွေးရဲလောက်
အောင်ပါပဲ။
YOU ARE READING
တော်ဝင်သည်...သို့သော်ငြားလည်း
Ficção Histórica"မြောက်လေတိုက်လှပြီ... သခင်ကိုလည်း လွမ်းလှပြီ။ နန်းတော်စွန်း နေညိုရီ... သခင်အနမ်းတွေ လွမ်းလှပြီ။ ရွှေသလွန်ထက်က မြကတ္တီပါ... သခင်ရင်ငွေ့ မမှီနိုင်ပါ။ ညတွင် ပိုမိုလွမ်းမိ... သခင်ထံ ပုံအပ်ချင်မိ။ မှေးစက် မပျော်နိုင်တာ...