"ညီတော် မပြန်နဲ့ဦး အကိုတော်ပြောစရာ
ရှိတယ်.......။"လဖ္ဘက်ရည်ဝိုင်းမှ မင်းသားသုံးပြန်သွားပြီး
များမကြာမီမှာ မင်းသားငါးလည်း ရှောင်းအိမ်
တော်ပြန်ဖို့ရာ အကိုတော်မင်းကြီးကိုအမူအရာပြနှုတ်ဆက်ဂါဝရပြုပြီး အခန်းဝ
အရောက်မှာ ထွက်ပေါ်လာသော လီမင်းကြီးရဲ့
တားမြစ်သံ......။ညီတော်တဲ့......ကျွန်တော်ရင်ထဲ ပြောမပြတတ်
အောင် နွေးထွေးကြည်နူးရတယ်။ ဒါဟာ အကိုတော်တစ်ရဲ့ မင်းကြီးဖြစ်စထဲက ကျွန်တော်
အပေါ် ပြောင်းလဲလာတဲ့ အခေါ်အဝေါ်။ခမည်းတော်မရှိတော့တဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ ညီအကိုတော်တွေအကြားမှာရှိတဲ့ ဆက်
ဆံရေးသဘောထားတွေ အရင်ကထက်ပြေလည်မူ ရလာတာကြောင့် တမျိုးလေးစိတ်ချမ်းသာ
ရတယ်။ညီတော်ကို မပြန်ဖို့ရာပြောရင်း မတ်တပ်ရပ်
လိုက်တဲ့ လီမင်းကြီးမှာ ရင်ခေါင်းထဲမှ ပူတတ်လာပြီး အထဲရှိအတွင်းကလီစာတွေကိုဆွဲညစ်နေသကဲ့သို့ ခံစားလာရတာကြောင့် ရှေ့က စားပွဲခုံကို အားပြုထောက်လိုက်ရတယ်။
ကျွန်တော် အခုလိုအဖြစ်မျိုးရောက်ရတော့မှာကို
ကြိုသိထားတာ မကြာသေးပေမယ့် ဒီလောက်
ခပ်မြန်မြန်ကြီး ရောက်လာမယ်လို့တော့
တကယ်မထင်ထားမိတာပါ။ကျွန်တော်ရဲ့ နောက်ဆုံးအချိန်ရောက်လာပြီပေါ့
ကျွန်တော်တို့လို'တော်ဝင်မိသားစု'လို့
အမည်ရတဲ့ မင်းမျိုးမင်းနွယ်၊ ရှင်ဘုရင်နဲ့ သူ့သားသမီးတွေကဒီလိုမျိုး အသက်တိုတတ်ကြတာရှေးသမိုင်းတွေထဲမှာ အများအပြားရှိခဲ့တာသိပေမယ့် ကျွန်တော်အတွက်တော့ အနည်းငယ်
စောလွန်းတယ်ထင်မိတယ်။ဘာဆိုဘာမှ ကြိုတင်ပြင်ဆင်ခွင့် မရတော့တာ
ထက် သားတော်လေးနဲ့ လူ့လောကထဲရောက်မ
လာသေးတဲ့ မိဖုရားဝမ်းထဲက ကလေးငယ်လေး
ကို နှုတ်ဆက်ခွင့်လေးတောင် မရတာတော့က
အဆိုးအဝါးဆုံး ရိုက်ချက်ပါပဲ။
YOU ARE READING
တော်ဝင်သည်...သို့သော်ငြားလည်း
Historical Fiction"မြောက်လေတိုက်လှပြီ... သခင်ကိုလည်း လွမ်းလှပြီ။ နန်းတော်စွန်း နေညိုရီ... သခင်အနမ်းတွေ လွမ်းလှပြီ။ ရွှေသလွန်ထက်က မြကတ္တီပါ... သခင်ရင်ငွေ့ မမှီနိုင်ပါ။ ညတွင် ပိုမိုလွမ်းမိ... သခင်ထံ ပုံအပ်ချင်မိ။ မှေးစက် မပျော်နိုင်တာ...