၇။ အနီ​ရောင်​ လွှမ်းခြုံ​သော

2.5K 228 13
                                    

ရှောင်​ကျန်းလည်း အမိန့်​ချပြီးရင်​ အ​ဖေကို​တော့ နှုတ်​ဆက်​စကား​ပြောခွင့်​​ပေးရန်​ မင်းကြီးထံ
တောင်းပန်​ရန်​သာ ​တွေး​တော့တယ်​.............။

"ဒုစစ်​သူကြီး ​ရှောင်း​ရှောင်​ကျန့်​....
အမိန့်​နာခံ​စေ၊
ငါကိုယ်​​တော်​သည်​ နံပါတ်​(၅) မင်းသားနှင့်​ သင့်​အား သ​ဘောတူတယ်​၊
မင်္ဂလာကိစ္စအဝဝသည်​ သင်​​တောင်းဆိုသည့်
အတိုင်းသာဖြစ်​တယ်​၊ ယ​နေ့မှစ၍ ​နောက်​ ၃ ရက်​​မြောက်​​နေ့တွင်​ နန်း​တော်​တွင်​​တော်​ဝင်​မင်္ဂလာပွဲ ကျင်းပမည်​၊
မင်္ဂလာပွဲနှင့်​သတ်​ဆိုင်​သည်​မှန်​သမျှ ​ရှောင်းအိမ်​​တော်​မှ အပြည့်​အဝတာဝန်​ယူ​ဆောင်​ရွက်​​စေမည်​၊
ယခုမှစ၍ညီလာခံ ပိတ်​သိမ်းပြီး မင်္ဂလာပွဲပြီး
နောက်​တပတ်​ကြာမှသာ ညီလာခံ ပြန်​စမယ်​၊
ကဲ....အားလုံးပြန်​နိုင်​ပြီ။"

မင်းကြီးစကားဆုံးမှ ​ရှောင်းကျန့်​တို့သားအဖလည်း အသက်​ဝ​အောင်​ရူနိုင်​​တော့တယ်​။
စစ်​သူကြီးရဲ့ အ​ပေါင်းအပါ အမတ်​များက​တော့မင်္ဂလာပွဲကို
ဝမ်း​မြောက်​ ဂုဏ်​ယူ​ကြောင်း​ပြောကာနှုတ်​ဆက်
ကြ​သော်​လည်း လျှို အမတ်​ကြီးအုပ်​စုမှာ​တော့
မ​ထွေးနိုင်​ မအန်​နိုင်​ ဖြစ်​ကာညီလာခံထဲမှ သုတ်​​ခြေတင်​ကြတယ်​။

ရှောင်​ကျန်းမှာလည်း မင်းကြီးအခုလို သ​ဘောတူပြန်​​တော့လည်း စိတ်​ထဲဘဝင်​မကျနိုင်​၊
မင်းကြီးမျက်​လုံးထဲမှာ လျှို့ ဝှက်​ချက်​တခုခုရှိ​နေတယ်​ဆိုတာ အလိုလိုသိ​နေမိတယ်​။

........................................................................

❄❄❄

ငါ ဟွိုက်​ခွမ်းကို ​ကျေးဇူးတင်​ရမယ်​၊ သူအကြံ​ပေးလို့ ငါဆိုဒီ​လောက်​ထိ မ​တွေးမိဘူး၊ ခက်​တာက
ငါမင်း​သားကို မမြင်​ဖူးဘူး၊
ငါတို့မိသားစု အကုန်​လုံးမမြင်​ဖူးတာပဲ၊
ငါကလည်း လက်​ထပ်​ပွဲ​နေ့​မှ နန်းတွင်းပြန်​ဝင်
ပြီး တခါထဲမင်္ဂလာ​ဆောင်​ရမှာ
ဒီရက်​ထဲ မင်းသားကို လူကဲခတ်ဖို့ မဖြစ်​နိုင်
တော့..........။

❄❄❄

......................................................................

🐉

တော်​ဝင်​သည်​...သို့​သော်​ငြားလည်းWhere stories live. Discover now