၂၇။ အတိ​တ်​ တမာ​ (၁)

1.9K 194 36
                                    


Flashback(​နောက်​​ကြောင်းပြန်​ ပြကွက်​)

.......................................................................

တလီတိုင်ြး​ပည်​ရဲ့ နန်းဆက်​လေးဆက်​​မြောက်
အုပ်​ချုပ်​စိုးစံသူ မင်းကြီးလီယွမ်​မင်​မှာ
မိဖုရား​လေးပါး, သား​တော်​​လေးပါးနှင့်
သမီး​တော်​တစ်​ပါး ထွန်းကားခဲ့တယ်​။

လျှို မျိုးရိုးမှ--​တောင်​နန်း​ဆောင်​မိဖုရားကြီး
လီလျှို​ဖေးနှင့်​ အိမ်​​ရှေ့စံသား​တော်
မင်းသားတစ်​ လီစစ်​​ဖေး။

လျှို မျိုးရိုးမှ--​မြောက်​နန်း​ဆောင်​မိဖုရားငယ်
လီလျှိုရင်​နှင့်
မင်းသားသုံး လီမင်​​ဖေး။
(လျှိုမိဖုရားကြီး၏ ဝမ်းကွဲညီမ​တော်​)

ချန်​ မျိုးရိုးမှ--အ​နောက်​နန်း​ဆောင်​မိဖုရားငယ်
လီချန်​ရုံနှင့်
မင်းသားနှစ်​ လီဟွားချန်​။

ဝမ်​ မျိုးရိုးမှ--အ​နောက်​နန်း​ဆောင်​မိဖုရားငယ်
လီဝမ်​ချူး​ပေါ်နှင့်
မင်းသမီး,​လေး လီဝမ်​ချင်​၊
မင်းသားငါး လီဝမ်​ရိ​ပေါ်
တို့ဖြစ်​ကြတယ်​........................။

မင်းကြီးလီယွမ်​မင်​(ခ)လီမင်းကြီးနဲ့ လျိုမိဖုရားကြီးက ငယ်​သူငယ်​ချင်း​တွေဖြစ်​ပြီး၊ လီမင်းကြီးနှင့်​ အိမ်​​ရှေ့စံဘဝထဲက လက်​ဆက်​ထားသူဖြစ်​​သော​ကြောင့်​ လီမင်းကြီးကို သြဇာလွှမ်းမိုးချင်​သူ.............။

မိဖုရားကြီး၏ လျှိုမျိုးရိုးမှာ ချမ်းသာကြွယ်​ဝပြီး မျိုးရိုးစဉ်​ဆက်​ ​တောင်​ဝင်​မိသားစုနဲ့ လက်​ဆက်​ခဲ့သူ များတာ​ကြောင့်​ ပိုမိုအင်​အား​တောင့်​တင်းတဲ့ မျိုးရိုးဖြစ်​လာကြတယ်​။

တော်​ဝင်​မိသားစုအ​ရေးမှာလည်း လျှိုမျိုးက
အ​ရေးပါအရာ​ရောက်​တဲ့ အပိုင်း​တော်​​တော်​များ
များမှာ ပါဝင်​ချယ်​လှယ်​လိုကြတယ်​။

လျှိုမိဖုရားကြီးက လီမင်းကြီးနန်းတတ်​ချိန်​မှာ
မိဖုရား​ခေါင်​ကြီးအဖြစ်​ နန်းတတ်​ရတယ်​။

လျှိုမိဖုရားကြီးက အိမ်​​ရှေ့စံကို ကိုယ်​ဝန်​​ဆောင်
ရချိန်​မှာ လီမင်းကြီးအတွက်​ ကိုယ်​လုပ်​​တော်​​တွေ မထား​စေဘဲ၊ မိဖုရားငယ်​သာ တရားဝင်
လက်​ဆက်​​စေခဲ့တယ်​။

တော်​ဝင်​သည်​...သို့​သော်​ငြားလည်းWhere stories live. Discover now