၄၈။ ​ရေထက်​ပျစ်​​သော ​သွေးစကား (၃)

916 103 20
                                    

ကျွန်​​တော်​ အဖြစ်​အမှန်​​တွေကို အခြားသူ​တွေ
သိ​အောင်​ ဘယ်​လိုရှင်းပြရမလဲ။

မယ်​​တော်​ကြီးက ကျွန်​​တော်​စကား​ပြောနိုင်​တာ
ကို အခုလိုအ​ခြေအ​နေမှာ​တောင်​ လုံးဝထုတ်​​မ​ပြောဘူးဆို​တော့ တသက်​လုံးမ​ပြောခိုင်းမဲ့ပုံပဲ။

အခုအ​ခြေအ​နေမျိုးမှာ ကျွန်​​တော်​ဘက်​က ​စကားစ​ပြောလိုက်​ရင်​ အ​ခြေအ​နေက ပိုဆိုးသွားမယ်​ထင်​တယ်​။

ကျွန်​​တော်​ဘာဆက်​လုပ်​ရမလဲ ​ကျန့်​​ကောကလည်း အ​ဝေးကြီးမှာ။
မယ်​​တော်​ကြီးနဲ့ နှစ်​​​ယောက်​ထဲ စကား​ပြောနိုင်​မှ
ဖြစ်​မယ်​၊ ပြီး​တော့ မမ၊ မမကို ​ပြောပြရမယ်​၊
မမကို အဖြစ်​မှန်​​တွေ ​ပြောပြရင်​ ယုံကြည်​​မှာ။

မင်းကြီးကို အနားယူဖို့ရာပြင်ဆင်ရန်​ ​​​အ​ဆောင်​​တော်​ကို ပြန်​လည်​သယ်​​ဆောင်​ဖို့ရာ မင်းသား
သုံးက ​လျှောက်​ရာ

"ထားလိုက်​ဦး...ဒီအယုတ်​တမာအပြစ်​သားကို
အရင်​ရှင်းမယ်​။

မင်းကြီးသက်​​တော်​​စောင့်​ ဝူ​ဖေး၊ အပြစ်​သားကို
ခေါင်းဖြတ်​ကွပ်မျက်​​လိုက်​။
သူ့​ခေါင်းကို ငါကိုယ်​တိုင်​ပြန်​စစ်​မယ်​။
အခုသတ်​၊ တစုံတခုလွဲ​ချော်​ခဲ့ရင်​ ​ဝူ​ဖေး​ဆွေစဉ်
မျိုးဆက်​​ပဲ၊၊"

"အမိန့်​​တော်​မြတ်​အတိုင်းပါ မယ်​​တော်​ကြီး။"

ထိုအချိန်​မှာပဲ အခန်းထဲ​ပြေးဝင်​လာကာ မယ်​​တော်​ကြီး​ရှေ့တည့်​တည့်​ ဒူး​ထောက်​ချလိုက်​သည့်
မိဖုရားကြီး။
မိဖုရားကြီးကြည့်​ရတာ ဝတ်​စုံပြည့်​ပင်​ မဝတ်​ထားတာ​ကြောင့်​ အနားယူ​နေရာမှ သတင်းရလို့
ချက်​ချင်းအ​ပြေးအလွှား​ရောက်​လာပုံပင်​။

"မသတ်​ပါနဲ့
ဝမ်​​လေးကို မသတ်​ပါနဲ့ မယ်​​တော်​ကြီး။"

"သတ်​မှာ ငါ့သား​တော်​မင်းကြီး မိဖုရားရဲ့ခင်​ပွန်း၊
ပြီး​တော့ စစ်​ချင်​​လေးရဲ့ဖခင်​ တိုင်းပြည်​ရဲ့ဖခင်
တ​​ယောက်​လုံးကို သတ်​ထားတဲ့အပြစ်​သားကို
မိဖုရားက မိဖုရား​မောင်​​တော်​ဖြစ်​တာနဲ့ပဲ မသတ်​ပါနဲ့တဲ့လား.....။

တော်​ဝင်​သည်​...သို့​သော်​ငြားလည်းWhere stories live. Discover now