လီမင်းကြီး အမိန့်တော်က လျှိုမိဖုရားကြီးအတွက်တော့ ထပ်မံကျူးလွန်စရာမလိုသည်မို့ ကြိတ်
ပြုံးရင် နောက်ကွယ်မှာ အားရပါးရ ရယ်မောရတယ်.....................။ဝမ်မင်သားငယ်လေး(ခ)ဝမ်လေးမှာ
ကြောက်စရာကောင်းသော နှစ်ရက်တာကို
မယ်မယ်နှင့် ခမည်းတော်ကို ပြန်မပြောရဲ လောက်အောင်ကို ကြောက်ရွံ့မိတယ်။ဝမ်လေးကို မယ်မယ်ကြီး(လျှိုမိဖုရားကြီး)က
သေချာမှာလိုက်တာ အခုအဖြစ်အပျက်ကို
မယ်မယ်နဲ့ တခြားသူတွေကို ပြန်ပြောရင်
ဟိုအထိန်းတော်ကြီးလို သတ်ပစ်မှာတဲ့.......။ပြီးတော့ မယ်မယ်နဲ့ မမကိုပါ အထိန်းတော်ကြီးလို သတ်မှာလို့လည်း ပြောခဲ့တယ်။
ဝမ်လေး ကြောက်တာပေါ့ မယ်မယ်ကြီးက
ဟိုအထိန်းတော်ကြီးကို အသေရိုက်ပြီးအထိန်းတော်ကြီးရဲ့ ခြေသည်းခွံ လက်သည်းခွံ
တွေကို ညှပ်ကြီးနဲ့ ဆွဲချွတ်တာ၊ ခြေထောက်တွေကို ဓားနဲ့ မွှန်း၊ ပြီးတော့ မျက်လုံးတွေထုတ်ပစ်ပြီး လျှာကြီးကိုပါ ဖြတ်ပစ်ကြတော့ သွေးတွေ
အများကြီးနဲ့ အထိန်းတော်ကြီး အော်သံဟာ
ကြောက်စရာကောင်းလွန်းလို့ သတိလစ်မေ့မျော
ခဲ့ရတယ်။ဝမ်လေးပြန်သတိရတော့ မယ်မယ်ကြီးက
ဝမ်လေးကို ရင်ခွင်ထဲ ဖက်ထားရင်း စကားဆိုတယ်။ မယ်မယ်ကြီးက သူပြောသလို သူခိုင်းသလို
မလုပ်ရင်၊ သူပြောသလို မနေရင်၊ အခုမြင်တွေ့ရတာတွေကို တခြားသူတွေပြန်ပြောရင်
ဝမ်လေးနဲ့ မယ်မယ်တို့ကို အထိန်းတော်ကြီးလို
လုပ်ပစ်မှာ ဖြစ်ကြောင်းပြောခဲ့တယ်။ဝမ်လေး မယ်မယ်တို့ဆီ ပြန်ရောက်ချိန်မှာတော့
မယ်မယ်ကြီးခိုင်းတဲ့အတိုင်း လုံးဝစကားမပြောခဲ့ဘူး၊ မယ်မယ်ကြီးပြောသလိုနေပြီး ခိုင်းသလိုသာ နေခဲ့တယ်။ဝမ်လေးမှာ အကိုတော်တွေကဲ့သို့ မင်းသားတပါးတတ်ရမယ့် ပညာတွေသင်ချိန်ရောက်တော့လည်း မယ်မယ်ကြီးရဲ့ ခေါင်းခါမူနဲ့ ခမည်းတော်
တို့ကို ဆန့်ကျင်ခဲ့ရတာ.........။
YOU ARE READING
တော်ဝင်သည်...သို့သော်ငြားလည်း
Historical Fiction"မြောက်လေတိုက်လှပြီ... သခင်ကိုလည်း လွမ်းလှပြီ။ နန်းတော်စွန်း နေညိုရီ... သခင်အနမ်းတွေ လွမ်းလှပြီ။ ရွှေသလွန်ထက်က မြကတ္တီပါ... သခင်ရင်ငွေ့ မမှီနိုင်ပါ။ ညတွင် ပိုမိုလွမ်းမိ... သခင်ထံ ပုံအပ်ချင်မိ။ မှေးစက် မပျော်နိုင်တာ...