ရှောင်းကျန့် နိုးလာတော့ ကိုယ်ပေါ်မှ စောင်ကိုခွာပြီး ကုတင်ပေါ်ကအဆင်း ကုတင်အောက်က ပြန့်ကျဲနေတဲ့ အနီရောင်အဝတ်တွေကို မြင်မှ မနေ့က မင်္ဂလာပွဲနဲ့ မင်္ဂလာဦးညကို
သတိရတယ်။သွားပြီ....မနေ့ကငါ မင်းသားနဲ့.........။
ရှောင်းကျန့်လည်းခုမှ ကုတင်တဖက်စွန်းကို
ကြည့်မိတော့၊
နောက်ကျောပေး အနေအထားနဲ့ စောင်ကို
လက်မောင်းအောက် ဖိပြီးခြုံ ထားတဲ့လူ။
ပေါ်နေတဲ့ လက်မောင်းတဖက်မှာ အနီကွက်တွေနဲ့ ကိုက်ရာတွေပါလား။
လက်ဆိုမှ ထိုလူ့လက် သွယ်သွယ်လေးက
မိန်းကလေး များလား၊ အနောက်ကမြင်နေရတဲ့
လက်ချောင်းရာတွေနဲ့ ပုခုံးသားတွေကလည်း
ဖွေးဖွေးလေး။ဘုရားရေ.....၊ ငါညက မင်းသားဟုတ် မဟုတ်
တောင် သေချာမစစ်မေးလိုက်ရဘူး၊
မနေ့ထဲက ဒီလက်တွေကြောင့် မသင်္ကာ ဖြစ်နေတာ ၊ မတော်လို့များ မင်းကြီးက လူစားလဲထား
ရင် ဘယ်လိုလုပ်မလဲ၊
ငါ မနေ့က အိပ်မိတာ ယောက်ျားလေးလား၊
မိန်းကလေးလားတောင် မမှတ်မိတော့ဘူး၊
တော်တော်သောက်လိုက်မိတာပဲ။လူစားထိုး မိန်းကလေး ဆိုရင် ငါ့ဘဝတော့
မတွေးရဲဘူး၊
ကုတင်ပေါ်က လူကကော အသက်တောင်ရှိသေးရဲ့လား နိုးကြည့်ရမှာပဲ...........။"ဟေ့ ဟေ့၊ ထစမ်း.....၊ ထဦး.....ထ...ထ....။"
ပေါ်နေတဲ့ လက်မောင်းကိုပဲ လှုပ်ကိုင်နိုးရတယ်။
နိုးလာတော့ သူ့မျက်နှာမြင်ပြီး ရုတ်တရက်
ထထိုင်မှ ရင်ဘက်ပေါ်သွားတဲ့ စောင်ကြောင့်
သာ ယောကျာ်းလေးမှန်း သိရတာ။
တွံ့ရှုံ့နေတဲ့ မျက်နှာလေးက လှသား။
ယောကျာ်းဆိုတော့ လှတာဘယ်ဟုတ်မလဲ၊
ချောတာပေါ့......။ရိပေါ်တော့ သူ့မျက်နှာနား၊ ရှောင်းကျန့် မျက်နှာ
ကြီးကို အနီးကပ်မြင်လို့ လန့်ပြီး ထထိုင်လိုက်တာ၊ တစ်ကိုယ်လုံးကို အီစိမ့်သွားတာပဲ၊
ကျောတလျောက် အောင့်ပြီး အောက်ပိုင်းက
တော်တော် နာနေတာပဲ၊ အခုလည်း သူ့မျက်နှာ
ကြည့်နေတဲ့ မျက်လုံးကြီးက ကျွတ်ကျတော့
မတတ်၊ ဆက်မထိုင်နိုင်တော့ဘူး.....၊
ပြန်လှဲမှ ရတော့မယ်။
YOU ARE READING
တော်ဝင်သည်...သို့သော်ငြားလည်း
Historical Fiction"မြောက်လေတိုက်လှပြီ... သခင်ကိုလည်း လွမ်းလှပြီ။ နန်းတော်စွန်း နေညိုရီ... သခင်အနမ်းတွေ လွမ်းလှပြီ။ ရွှေသလွန်ထက်က မြကတ္တီပါ... သခင်ရင်ငွေ့ မမှီနိုင်ပါ။ ညတွင် ပိုမိုလွမ်းမိ... သခင်ထံ ပုံအပ်ချင်မိ။ မှေးစက် မပျော်နိုင်တာ...