တလီတိုင်းပြည်မှာ လီမင်းကြီးလီမင်ယွမ်မင်
နတ်ရွှာစံသွားတာ ၁နှစ်ကျော်ခဲ့ပြီ။အိမ်ရှေ့စံလီစစ်ဖေး နန်းတတ်ပြီး လီမင်းကြီးဖြစ်လာတော့ အိမ်ရှေ့စံမိဖုရားလီဝမ်ချင်လည်း
မိဖုရားခေါင်ကြီး ဖြစ်လာခဲ့တယ်။လီမင်းကြီးနဲ့ ဝမ်မိဖုရားကြီး(လီဝမ်ချင်)ရဲ့
သားဦးလေး မင်းသားလီစစ်ချင်ကိုတော့လာမည့် သက်တော်၃နှစ်ပြည့်မွေးနေ့မှာ
အိမ်ရှေ့စံဘွဲ့ထူးကို အပ်နှင်းမည်ဖြစ်ပြီး
မင်းသားငယ်လေးမှာလည်း ၃နှစ်ပြည့်ရန်
လပိုင်းသာ လိုတော့တယ်။မင်းကြီးလီယွမ်မင် နတ်ရွှာစံပြီး ၁နှစ်နီးပါးအထိ
တလီတိုင်းပြည်ကြီးဟာယခင်အတိုင်း သာယာဝပြောပြီး ငြိမ်းချမ်းလျက် ရှိသော်လည်းယခုလများနှင့် ကုန်လွန်ခဲ့သော လအနည်းငယ်မှစ၍ တိုင်းပြည်နယ်စပ်ရှိ မြို့ငယ်များတွင် သူခိုး
ဓားပြများနှင့် ပုန်ကန်သူများ ရှိလာကြတယ်။ထို့အပြင် နယ်စပ်အိမ်နီးချင်းလက်အောက်ခံ
တိုင်းပြည်ငယ်လေးမှ လက်အောက်ခံတိုင်းပြည်
အဖြစ်မှ နှုတ်ထွက်ကာ စစ်ကြော်ငြာခဲ့တယ်။... .... ...
ရှောင်းအိမ်တော် ဒုစစ်သူကြီးအဆောင်တော်...
"လီဝမ်...၊ ကိုယ် စစ်ထွက်ရမယ်.....။"
"ဟမ်...ဘယ်တော့လဲ၊ ဘယ်ကိုလဲ၊
ရန်သူအင်အား များလား၊
ဘယ်လောက်တောင်ကြာမှာလဲ....။""အိုက်ယားးး....၊ကိုယ် ဘယ်မေးခွန်းကို
အရင်ဖြေရမှာလဲ.....။""တခုချင်းစီ အကုန်ဖြေ....။"
"အမိန့်တော်မြတ်အတိုင်းပါ မင်းသားလေး...။"
ရှောင်းကျန့် ဦးညွှတ်ရင်း တရိုတသေဆိုလေရာ
"ကျန့်ကောနော် ကျွန်တော်စိတ်ပူနေတာကို..။"
YOU ARE READING
တော်ဝင်သည်...သို့သော်ငြားလည်း
Tarihi Kurgu"မြောက်လေတိုက်လှပြီ... သခင်ကိုလည်း လွမ်းလှပြီ။ နန်းတော်စွန်း နေညိုရီ... သခင်အနမ်းတွေ လွမ်းလှပြီ။ ရွှေသလွန်ထက်က မြကတ္တီပါ... သခင်ရင်ငွေ့ မမှီနိုင်ပါ။ ညတွင် ပိုမိုလွမ်းမိ... သခင်ထံ ပုံအပ်ချင်မိ။ မှေးစက် မပျော်နိုင်တာ...