ရိပေါ် တကယ်တော့ မနေချင်တော့ပါဘူး။
ပင်ပန်းနေသလိုပဲ၊ အိမ်တော်ပြန်ပြီး နားချင်နေ
ပြီ။ ဒါပေမယ့်လည်း အကိုတော်နှစ်ကို အားနာ
လို့သာ ခေါင်းညိမ့်ပြလိုက်ပါတယ်။အကိုတော်နှစ်နဲ့လည်း မတွေ့ရတာ အတော်ကြာနေပါပြီ၊ သူဒုက္ခရောက်တိုင်း လာကယ်တတ်တဲ့ အကိုတော်နှစ်အတွက် သူဒီလောက်
တော့ စောင့်ပေးရမှာပေါ့။အကိုတော်သွားတာ တအောင့်ကြာနေပြီ၊
ပြန်မှပါ......။
အိမ်တော်ပဲ တန်းပြန်မယ်၊ အိမ်ရှေ့စံနဲ့ မမကို
လည်း သွားနှုတ်ဆက်မနေတော့ပါဘူး၊
အနီးကပ် မြင်တွေ့ရရင် စိတ်ထိန်းနိုင်မှာ
မဟုတ်ဘူး.........။"ဝေ့....ချစ်ညီလေး......။"
"အကိုတော်နှစ် ပြန်အလာကို စောင့်နေတာလား၊
သနားလိုက်တာ ချစ်ညီလေးရာ၊
မင်း အကိုတော်နှစ်က အခုအချိန် စုန့်တိုင်းပြည်
က စုန့်မင်းသမီးလေးနဲ့ အကြည်စိုက်နေလောက်ပြီ။
အကိုတော်နှစ်အတွက် စုန့်တိုင်းပြည်ကကိုယ်
တိုင် နားဖောက်နေတာနော်။""သနားစရာ ချစ်ညီလေးက အကိုတော်နှစ်နဲ့
ခိုးစားမလို့ စောင့်နေတာလား။စစ်သူကြီးက အဝမကျွေးဘူးလား၊
စစ်သူကြီးက အဝမကျွေးလည်း ဒီက အကိုတော်က ချစ်ညီလေးကို အဝကျွေးနိုင်ပါတယ်။""ဘယ်လိုလဲ၊ ဆယ့်သုံးနှစ်ပြည့်မွေးနေ့နဲ့
ဟိုနေ့က မပေးလိုက်ရတဲ့ လက်ဆောင်လေး
အခုပေးမယ်လေ အဟက်....အဟက်.....။"ဘုရားရေ ငါဘယ်လိုလုပ်ရမလဲ၊ အကိုတော်
သုံးလက်က ဘယ်လိုပြေးရမလဲ။
ညီအကိုတွေထဲမှာ အကိုတော်သုံးက သိုင်း
ပညာအကောင်းဆုံးနဲ့ အလျင်ဆုံး။
ငါ...ငါ ဘယ်လို ပြေးရမလဲ၊ ချက်ချင်းထပြေး
လည်း လွတ်မှာမဟုတ်ဘူး။
အကိုတော်နှစ် ပြန်လာမလားဆိုပြီး အချိန်ဆွဲတဲ့
အနေနဲ့ သူ့စကားတွေ နားထောင်နေတာ
ပိုဆိုးပြီထင်တယ်။
YOU ARE READING
တော်ဝင်သည်...သို့သော်ငြားလည်း
Historical Fiction"မြောက်လေတိုက်လှပြီ... သခင်ကိုလည်း လွမ်းလှပြီ။ နန်းတော်စွန်း နေညိုရီ... သခင်အနမ်းတွေ လွမ်းလှပြီ။ ရွှေသလွန်ထက်က မြကတ္တီပါ... သခင်ရင်ငွေ့ မမှီနိုင်ပါ။ ညတွင် ပိုမိုလွမ်းမိ... သခင်ထံ ပုံအပ်ချင်မိ။ မှေးစက် မပျော်နိုင်တာ...