"ဓားရေးသင်ရတာ အရမ်းပျော်တာပဲလား...။"
"ဟုတ် ပျော်တာပေါ့၊ ငယ်ငယ်ထဲက ဓားကိုင်ချင်တာ၊ ငယ်ငယ်ကဆို ခမည်းတော်ကို အရမ်းအားကျပြီး တနေ့ ခမည်းတော်လို ဓားကိုင်မြင်းစီးပြီး
ရန်သူတွေကို တိုက်ထုတ်မယ်လို့ တွေးခဲ့ဖူးတယ်လေ.............။""ကိုယ့်လီဝမ်လေး အဲ့ဒီအချိန်တွေတုန်းက အရမ်း ခက်ခဲခဲ့မှာပဲနော် ဘယ်လောက်တောင်
ကြောက်ရွံမူနဲ့ ရှင်သန်ခဲ့ရမလဲ။လာပါဦး ကိုယ့်ရင်ခွင်ထဲ ကိုယ်ဖက်ထားချင်လို့။"
ရှောင်းကျန့်အတွက်တော့ ချစ်ရသူရဲ့ နာကျင်ဖွယ်အတိတ်တွေက ကိုယ်တိုင် မခံစားခဲ့ရပေမယ့်ချစ်ရသူက နာကျင်ခံစားခဲ့ရတာ ဆိုတဲ့ အသိနဲ့တင် သူလည်းထပ်တူနီးပါး ခံစားရတာ
သူကိုယ်တိုင်ပဲ အသိဆုံးပါ။"လီဝမ် အခုကော သူတို့ကို အရမ်းကြောက်နေသေးလား....။"
"ဟုတ် ကောရှိနေလို့ အရင်လောက်သိပ်မကြောက်တော့ဘူး.....။"
"ကိုယ်ရှိနေလို့ ကိုယ့်လီဝမ်လေး မကြောက်တော့တာ ကိုယ်တကယ်ဝမ်းသာတယ်။
ဒါပေမယ့်......။""ဟုတ် ဆက်ပြောလေ....။"
"ကိုယ် အခုပြောမှာတွေကြောင့် လီဝမ်က ကိုယ့်ကို တမျိုးမမြင်ရဘူးနော်၊ ကိုယ်လီဝမ်ကို အသက်ထက်ချစ်မြတ်နိုးတယ်ဆိုတာ အကြွင်းမဲ့ယုံကြည်ထားပါ...........။"
"ဟုတ် ..................။"
"ကိုယ့်ကို လီဝမ်အားကိုးတာ ကိုယ်တကယ်
သဘောကျပါတယ်။ ဒါပေမယ့် ကိုယ်မရှိတော့ရင်ကော လီဝမ်ဘယ်သူ့ကို အားကိုးမလဲ။အဒါကြောင့် ကိုယ့်ကို လီဝမ်အားကိုးတာ မလို
ချင်တော့ဘူး။နောက်ဆို လီဝမ်က ဘယ်သူ့အကူအညီမှ မလို
ဘဲ အရာရာကိုယ့်အားကိုယ်ကိုးပြီးယောကျာ်းကောင်းတယောက် မင်းသားကောင်းတပါး တတ်သင်တဲ့ပညာတွေတတ်ပြီး ဘာမှမဆိုလုပ်တတ်တဲ့သူ ဖြစ်စေချင်တာ။
YOU ARE READING
တော်ဝင်သည်...သို့သော်ငြားလည်း
Ficción histórica"မြောက်လေတိုက်လှပြီ... သခင်ကိုလည်း လွမ်းလှပြီ။ နန်းတော်စွန်း နေညိုရီ... သခင်အနမ်းတွေ လွမ်းလှပြီ။ ရွှေသလွန်ထက်က မြကတ္တီပါ... သခင်ရင်ငွေ့ မမှီနိုင်ပါ။ ညတွင် ပိုမိုလွမ်းမိ... သခင်ထံ ပုံအပ်ချင်မိ။ မှေးစက် မပျော်နိုင်တာ...