၂ပတ်ခန့် ကြာပြီးနောက်....................။
"ဟွိုက်ခွမ်း မင်းအိမ်တော်က လုံခြုံပါတယ်နော်။"
"ကြံဖန်တွေးပူနေပြန်ပြီ၊
အရင်တခေါက်ကတောင် မင်းကြီး မင်းကို
ခေါ်တွေ့တာ ငါ့အိမ်တော်ပဲဆိုတာ သတိရဦး။""မင်းကြီးနဲ့ လီဝမ်တို့ အဖြစ်ကလည်း
သားအဖအချင်းချင်းတောင် လွတ်လွတ်လပ်လပ် တွေ့ခွင့်မရှိတဲ့ ဘဝနော်....။"ရှောင်းကျန့်ရဲ့ စိတ်မကောင်းစွာ ပြောဆိုမူက
ဟွိုက်ခွမ်းအတွက်တော့ ရှောင်းကျန့်ကို
တိုက်ရိုက်မပြောဖြစ်တဲ့ စကားတွေကို တနည်း
နည်းနဲ့တော့ ပြောနိုင်အောင် ထောက်ပံ့ပေးသလိုပါပဲ။"အင်း..အဒါတွေကြောင့် မင်းကြီးက ဝမ်မင်းသားလေးကို နန်းတွင်းအရေးတွေနဲ့ ကင်းရှင်း
စေချင်တာ။တော်ဝင်မိသားစုတွေကြားက နန်းတွင်းအရေး
တွေက ရူပ်ထွေးပွေလီပြီး သူတို့တွေက
သာမန်လူတွေထက်လည်း သက်တမ်းတိုနိုင်
ကြတာ မင်းလည်းသိပြီးသားပါ။တချို့သောအဖိုးတန်တာတွေကို လက်မလွှတ်
ချင်ရင် တချို့သောအရာတွေကို လျစ်လျူ ရူ့ရ
မယ်ထင်တယ်။""ကိုယ့်က လျစ်လျူ ရူ့ထားပေမယ့် ကိုယ့်ကိုရစ်
ပတ်နွယ်လာရင်ကော ဒီအတိုင်း အနွယ်ခံနေရမှာလား....။""အဒါကတော့ အခြေအနေအချိန်အခါနဲ့ ကိုယ့်လာ ရစ်ပတ်မူပေါ်မှာ မူတည်တာပေါ့။
မင်းဘာတွေ တွေးတောနေမလဲဆိုတာ ငါမသိ
နိုင်ပေမယ့် တစိတ်တပိုင်းလောက်တော့ ခန့်မှန်း
လို့ ရပါတယ်။""ရသင့်ပါတယ်...၊
မင်းက အတိုင်ပင်ခံပညာရှိ အမတ်မင်းပဲ
ဒီထက်တောင် သိရင်သိနေမှာ၊၊
မင်းသိတာ မင်းပဲ သိမ်းထားမယ်ဆိုတာလည်း ငါသိတယ်။""ခက်တာပဲ၊ ငါက အတိုင်ပင်ခံ နောက်မှဖြစ်ပြီး မင်းသူငယ်ချင်းအရင်ဖြစ်တာ ခက်တာပဲ....
ဟားဟား ဟားဟားး။"
YOU ARE READING
တော်ဝင်သည်...သို့သော်ငြားလည်း
Ficción histórica"မြောက်လေတိုက်လှပြီ... သခင်ကိုလည်း လွမ်းလှပြီ။ နန်းတော်စွန်း နေညိုရီ... သခင်အနမ်းတွေ လွမ်းလှပြီ။ ရွှေသလွန်ထက်က မြကတ္တီပါ... သခင်ရင်ငွေ့ မမှီနိုင်ပါ။ ညတွင် ပိုမိုလွမ်းမိ... သခင်ထံ ပုံအပ်ချင်မိ။ မှေးစက် မပျော်နိုင်တာ...