အပိုင်း(၁၆)

2.7K 311 18
                                    

[Zawgyi]

"ခေတ်..."

ခရီးလမ်းစကတည်းကတိတ်ဆိတ်နေခဲ့တဲ့ကြွေကခေတ်ကိုစခေါ်လိုက်သည်..

"အင်း..ပြောလေ.."

"နင်..လိပ်ပြာနဲ့ပက်သက်ပြီး..ဘာတွေသိထားပြီလဲ..."

"ဟမ်.."

ထူးထူးဆန်းဆန်းစပြောတဲ့စကားကလည်းအရိပ်အကြောင်းဆိုပါလား..ဒီကောင်မလေးဘာများဖြစ်နေပါလိမ့်..

"နင်သူ့ကိုကြောက်လို့လားကြွေ.."

ကြွေကတည်တည်ငြိမ်ငြိမ်ပဲခေါင်းရမ်းပြ၏..

"မဟုတ်ဘူးခေတ်...ငါသူ့ကိုမကြောက်တော့ဘူး...ငါသူ့ကိုသနားတယ်.."

ကြွေ့ရဲ့ထူးထူးဆန်းဆန်းစကားတွေကြောင့်ခေတ်အံ့အားသင့်မိသွားသည်..

"ဘယ်လို..နင်ကမကြောက်တော့ဘူးပေါ့..ဟုတ်လား.."

"ဟုတ်တယ်ခေတ်..ငါလည်းသူ့ကိုဒီဘဝကြီးကနေလွတ်မြောက်စေချင်တယ်..ကိုယ့်ချစ်သူဒုက္ခရောက်နေတာကိုမြင်နေရရဲ့နဲ့တောင်..ဘာမှမလုပ်ပေးနိုင်တဲ့သူ့ဘဝကဆိုးလွန်းပါတယ်ဟာ.."

ကြွေ့စကားတွေကိုခေတ်ကငြိမ်လျှက်သာနားထောင်နေမိသည်..

"သူ့ဘဝကဟိုးမှာတွေ့နေရတဲ့နေကြာပန်းလေးတွေလိုပဲ..နေမင်းကြီးရှိတဲ့အရပ်မျက်နှာကိုမျက်နှာမူနေပေမယ့်နေမင်းကြီးနဲ့နီးစပ်ခွင့်မရကြဘူးလေ..နေမင်းကြီးမှာတိမ်ဖုံးနေသည်ဖြစ်စေ မိုးအုံ့နေသည်ဖြစ်စေ သူတို့ဘာကိုမှမတတ်နိုင်ကြဘူး..အဆုံးထိသူတို့ငေးကြည့်နေခဲ့ပေမယ့်..နေမင်းကြီးနဲ့သူတို့နီးစပ်နိုင်မှာမဟုတ်ဘူးဟ..."

"နင်ဆိုလိုချင်တာက.."

ကြွေကသက်ပြင်းရှည်တစ်ချက်ကိုချလိုက်၏..

"ဟိုလူတွေဖမ်းသွားတဲ့အချိန်တုန်းက..နင့်ကိုလိုက်ရှာပြီး..နင့်အသက်ကိုကယ်ခဲ့တာက..ငါပါလို့အားလုံးကသိထားကြပေမယ့်..တကယ်တမ်း..နင်ဒုက္ခရောက်နေတာကိုမြင်နေရပါလျှက်နဲ့သူဘာမှမကူညီနိုင်လို့ငါ့ဆီကိုအကူအညီတောင်းခဲ့တဲ့သူကလိပ်ပြာပဲ...သူနင့်အတွက်နဲ့ငါ့ဆီကိုအကူအညီလာတောင်းခဲ့တာ..သူနင့်အတွက်နဲ့..သူ့ရဲ့ပြိုင်ဘက်ကိုတောင်တောင်းပန်ခယခဲ့တာ...သူကနင့်ကိုအဲ့လောက်ထိချစ်တာခေတ်ရဲ့..အခုလည်းနင့်ကိုဂရုစိုက်ပေးပါဆိုပြီးသူ့ရဲ့ပြိုင်ဘက်လက်ထဲကို..သူ့ချစ်သူကိုအပ်ခဲ့တာ..နင့်ကိုသိပ်ချစ်လို့လေ.."

လိပျပွာ[လိပ်ပြာ](Completed)Where stories live. Discover now