အပိုင်း(၂၀)

2.9K 289 23
                                    

[Zawgyi]

"မောင်....မောင်ဘယ်လိုဖြစ်တာလဲအဘ...မောင်ကဘယ်လိုဖြစ်ရတာလဲ.."

သခင်မလေးနှင့်စိုင်းဟုန် စံအိမ်ကိုပြန်ရောက်လာချိန်တွင်မောင့်ဈာပနကိုမြင်လိုက်ရ၍သခင်မလေးရင်ထဲဗလောင်ဆူသွား၏..

"မောင်ကိုယ့်ကိုကိုယ်အဆုံးစီရင်.."

"မဖြစ်နိုင်ဘူး...လုံးဝမဖြစ်နိုင်ဘူး...မောင်ကဘာလို့ရုတ်တရက်အဆုံးစီရင်သွားရမှာလဲ..မဖြစ်နိုင်ဘူး...မဖြစ်ရဘူး...မဖြစ်.."

"ရွှေအရိပ်..."

မောင့်အလောင်းဘေးတွင်ပင်ခွေလဲကျသွားရှာ၏...ရိပ်ရဲ့ခန္ဓာကိုယ်ကိုစိုင်းဟုန်ပွေ့ချီကာအခန်းထဲသို့ပို့၍မိသားစုဆရာဝန်ဆီဆက်သွယ်လိုက်ရတော့သည်..

"အဖေ...မောင်ဆုံးတာသွေးရိုးသားရိုးမဟုတ်ဘူးမို့လား...ကျွန်တော့်ကိုတော့အမှန်တိုင်းပြောပါအဖေ.."

ထိုအခါမှ ဘဏ္ဍာထိန်းကြီးကအဖြစ်ဆိုးကိုအမှန်အတိုင်းပြောပြ၏..ထို့နောက်ထိုအဖြစ်ဆိုးကြီးကို ရိပ်ကိုမပြောရန်လည်းတားပြန်သည်..စံအိမ်ထဲမှာဒီအဖြစ်အပျက်ကိုသိသူဆို၍စိုင်းဟုန်နှင့်ဘဏ္ဍာထိန်းကြီး၂ဦးတည်းသာရှိသေးသည်..ကျန်အလုပ်သမားများကတော့ထိုနေ့ကစံအိမ်မှာမရှိခဲ့၍မည်သူမျှမသိကြောင်း..တစ်ခုခုပေါက်ကြားသွားလျှင်စိုင်းခွန်မင်းတို့ကသတ်မည်ဟုခြိမ်းခြောက်ထားကြောင်းလည်းပြောကြား၏..

"ဟာ..ဒီကောင်တွေကွာ...အရိပ်ကိုစော်ကားယုံတင်မကဘူး..အရိပ်ဘက်က ဝင်ပါမယ့်မောင့်ကိုအကောက်ကြံလိုက်ကြသေးတယ်..တောက်...ကျွန်တော်သတ်မယ်..ကျွန်တော်အဲ့ကောင်တွေကိုကျွန်တော့်လက်နဲ့ကိုယ်တိုင်သွားသတ်မယ်.."

နံရံကဓားကိုစိုင်းဟုန်သွား၍ဆွဲဖြုတ်လိုက်၏..

"စိုင်းဟုန်....မင်းစိတ်ကိုထိန်းစမ်း...သွားသတ်ရမယ်ဆိုရင် မင်းမဟုတ်ဘူး..ဒီအဘိုးကြီးကိုယ်တိုင်အဲ့ဒီလူယုတ်မာတွေကိုသွားသတ်ပြီးနေလောက်ပြီ...ဒါပေမယ့်..သူတို့အင်အားကိုငါတို့ယှဉ်နိုင်မှာလား..မယှဉ်နိုင်ရင်ငါတို့သေလိမ့်မယ်..ငါတို့မသေလို့သူတို့သေတယ်ပဲထား..ငါတို့ထောင်ကျရင်သမီးအရိပ်နားမှာဘယ်သူရှိမှာလဲ..အခုချိန်..သမီးအရိပ်နားမှာ..ငါတို့ရှိနေမှဖြစ်မှာကွ..ပြီးတော့မင်းမိသားစုရော..မင်းမိသားစုအတွက်ရောဘယ်သူရှိလဲ..မင်းရဲ့မိသားစုကိုစောင့်ရှောက်ဖို့မောင်ကအသက်ပေးသွားခဲ့တာ..ဒါတောင်မင်းကပစ်ထားပြီးသွားမလို့လား.."

လိပျပွာ[လိပ်ပြာ](Completed)Where stories live. Discover now