အပိုင်း ၎

1K 113 8
                                    

Zawgi

ဆိုလ်းကိုရောက်တော့ ထယ်ယောင်းကို ဝယ်ထားတဲ့
တိုက်မှာထားခဲ့ပြီး ဟန်နီ့ဆီထွက်လာမိသည်။
ဘာတွေများဖြစ်နေမလဲတွေးကာ ကားကိုတရကြမ်းမောင်း
လာမိသည်။ ဒါလင့်ဘဝမှာဟန်နီက အဲ့လောက်ထိလို
အပ်တာပါဟန်နီ။

အိမ်ရောက်တော့တိတ်ဆိတ်နေတာမှ မြင်မကောင်း
လူနေအိမ်မဟုတ်သလို။ အတူနေတဲ့အခန်းထဲပြေးဝင်
ကြည့်မှ ကုတင်ကြီးပေါ်မှာဟန်နီက အပြစ်ကင်းစင်စွာ
အိပ်နေလေရဲ့။ ဆံနွယ်လေးတွေကိုခပ်ဖြည်းဖြည်း
သပ်တင်ပေးမိတော့ တစ်ချက်တစ်ချက်တုန်သွားတဲ့ကိုယ်ငယ်လေး။ အိမ်မက်ထဲထိ စိတ်တွေကိုအနာခံရလားဟန်နီရယ်
ဒါလင်ကဘာမဟုတ်တဲ့လူကို...။

ပါးပြင်ပေါ်က စိုစွတ်စွတ်အထိအတွေ့ကြောင့် မျက်လုံး
ပွင့်လာခဲ့သည်။ ဟင်ဒါလင်ငိုနေတယ်။

"ဒါလင်ငိုနေတယ်"

နိုးလာတဲ့ဟန်နီပြောမှပဲ ပါးပြင်ကိုထိတွေ့မိတော့ စိုစွတ်
စွတ်အထိအတွေ့က နှုတ်ဆက်သည်။ဟန်နီ့ကိုမြင်၍ သတိလက်လွတ်ဖြစ်နေခဲ့တာ။ ဒါလင်တို့ဖယ်ခွာထားတဲ့ အချစ်ကရောက်လာပြီထင်တယ်။ အခုဒါလင်က ဟန်နီမှဟန်နီဖြစ်နေတယ်
ရူးတော့မလိုပဲ...။

"ဟန်နီ့ကိုသတိရလို့ ပြီးတော့ဒါလင်ဟန်နီကို မကွာရှင်းပါရစေနဲ့တကယ်ပါဒါလင်စိတ်ရင်းပြီးတော့ ဒါလင်လေ ဟန်နီ့ကိုသိပ်ချစ်တာ"

ရင်ခွင်ထဲမြေငလျှင်လှုပ်ခတ်သွားသည်လို့ ထင်မှတ်ရအောင်ပင် ရင်ခုန်နှုန်းကမြန်လာသည်။ ​မေ့ထားခဲ့တာ
အချစ်ဆိုတာမရှိဘူးဆိုပြီး ​မေ့ပစ်ထားခဲ့တာ။
နှစ်ယောက်လုံးအချစ်ကို မယုံကြည်ကြသူတွေမို့
လက်ထပ်ခဲ့တုန်းကလည်း ချစ်စကားမဆိုခဲ့သလို ရင်ခုန်သံတွေကိုလည်း ငြင်းဆန်နေခဲ့တာဒါကြောင့် ဒါလင်ဟာသူ့ကိုရွဲ့ခဲ့တာ။ အဲ့လိုနဲ့ဒီအခြေအနေထိ ​ရောက်လာခဲ့တာပေါ့။

"ဟန်နီလည်းချစ်တယ် ဟင့် ထားသွားပြီ ထင်တာ"

"တောင်းပန်ပါတယ် ​တောင်းပန်ပါတယ်ဟန်နီ"

crazy. U&Z(completed)Where stories live. Discover now