Zawgi
ဘယ်လိုပဲဒေါသထွက်ထွက်ဗိုက်ကြီးနဲ့ယောင်းကိုတော့
ပြစ်မထားရက်ပေ။ ညကလည်းမှောင်ကာနီးနေတော့
တစ်ယောက်တည်းဆိုကြောက်နေအုံးမှာ အဒေါ်ကြီးက
လည်းအမြဲတမ်းစောစောပြန်နေကြဆိုတော့...။"ဒါလင်ဘယ်သွားမလို့လဲထယ်ယောင်းဆီကိုလား"
"ဟုတ်တယ်လေမနက်ကအတော်စိတ်ညစ်သွားမှာ"
"ဒါနဲ့ဂျင်းကသူ့ညီကိုပြန်ခေါ်သွားလောက်တယ်ဒါလင်နဲ့
ပြဿနာတတ်ထားတော့ ဘယ်ပြန်ထည့်မလဲ
ဟန်နီ့အထင်ပါ"သိသိရက်နဲ့လောင်စာကိုအဆီထည့်ပေးတယ်လို့ ဆိုမလား အမှန်ပေါ့။ ဒါလင်ကဒေါသထွက်ရင်ဘာမှမမြင်တတ်
သူမို့ ဂျင်းကလည်းသူ့ညီထိရင်ထိန်းမရသည်မို့..အဟွန်း
အစပဲရှိပါသေးတယ်။ လေးကျင့်ခန်းပေါ့ကင်ထယ်ယောင်း
ရယ်...အဟက်။"ဟုတ်ပါရဲ့ဒါလင်သတိလက်လွတ်သွားတယ်"
"ရော့ပိုပိုလိုလိုဒါဂျင်းလိပ်စာကဒ်လေသူငယ်ချင်းတွေ
ဆိုတော့ဟိုတလောကပေးထားတာ"ဒါလင့်ကိုအခုလိုအပြစ်မမြင်ပေးလို့ကျေးဇူးပါဟန်နီ
ကိုယ်မသိဘူးဒါလင့်ဟန်နီကဒီလောက်ဖြူစင်ပြီး
စိတ်ထားကောင်းမယ်လို့..ဒါလင့်ကိုမုန်းနေမယ်ထင်တာ
ဒါပေမဲ့ဒါလင့်အနားရှိနေလို့ကျေးဇူးပါ..။"ဒါလင်သွားလိုက်အုံးမယ်နော်"
"အင်း"
ကျောခိုင်းသွားတဲ့ဒါလင့်ကျောပြင်ကျယ်ကျယ်ဟာ အရင်
တိုင်းရယ်။ ဟန်နီ့အတွက်ပဲရှိနေရမှာပါ။စိတ်ခြဒါလင် ကလေးကောလူကြီးကောဒါလင်နဲ့ လုံးဝကင်းရှင်းသွားစေရမယ်
ဒါလင်လိုခြင်တဲ့ကလေးကိုတော့ ဟန်နီကမွေးပေးမယ်။
ကင်ထယ်ယောင်းကတော့အစကတည်းကမပက်သက်
သင့်တဲ့လူပဲလေသူ့နေရာနဲ့သူပေါ့မဟုတ်ဘူးလား။........
ဆေးရုံရောက်တော့ နာစ်မလေးရဲ့အပြောနဲ့ လွတ်နေတဲ့အခန်းငယ်ကြောင့် သိလိုက်ပြီ။ ဟန်နီပြောတာနဲ့တစ်ထပ်တည်း။ တကယ်ပဲကင်ထယ်ယောင်း ဘာဖြစ်ခြင်နေတာလဲ။ တောက်!