အပိုင်း ၁၀

718 72 18
                                    

Zawgi

"ဟို..ယောင်းဘာကူပေးရမလဲဟင် အလုပ်တွေကပုံ
လို့အစကယောင်းကအစ်ကို့အတွင်းရေးမှုးပဲလေ"

သွေးရောင်အနည်းငယ်လွမ်းလာတဲ့ မျက်နှာပြင်နုနုကို
ခပ်ဖွဖွကိုကြည့်တော့ အပူငွေလည်းမရှိတော့သလို
မျက်လုံးလေးတွေကလည်းနေကောင်းပြီဟုဆိုနေသလို။

"အင်းလေယောင်းကူခြင်ရင် ဒီစာရင်းလေးတွက်ပေး
လေ"

စာရင်းအုပ်ကိုထိုးပေးနေတဲ့အစ်ကို့ လက်ရှည်သွယ်သွယ်
တွေက အဲ့ဒီ့နေ့သူ့လက်ကိုဆုပ်ကိုင်ပြီးအနမ်းကြမ်းကြမ်း
တွေပေးနေခဲ့တာ....အခုတော့..။

"ဟုတ်ဒါနဲ့အဲ့ဒါလချုပ်စာရင်းလား..အာ..sorry
ပစ္စည်းဝင်ထွက်စာရင်းတွေနဲ့အရည်အသွေးစစ်ချက်ကရ
တဲ့နှုန်းထားတွေကိုး"

စာရင်းစာအုပ်ကိုသေခြာကြည့်ပြီးရေရွတ်နေတဲ့ထယ်ယောင်းက လူကြီးဆန်သလိုကြည့်လည်းကောင်းလှသည်။
ခုချိန်ဟန်နီကောအလုပ်လုပ်နေမလား။အတွေးထဲဝင်လာတဲ့ခပ်ပိန်ပိန်ခန္ဓာကိုယ်နဲ့နှာတံချွန်ချွန်မျက်နှာလေးက ကိုယ့်ရင်ကိုရူးအောင်ပြုစားနိုင်သည်။

"ဟုတ်တယ်ယောင်း တစ်ချက်စစ်ကြည့်ပေးကိုယ်မှားနေလားလို့"

နေမကောင်းသူအဖို့ အသစ်တွေလုပ်ခိုင်းတာထက် လုပ်ပြီးသားတွေသာစစ်ခိုင်းလိုက်သည်။ထယ်ယောင်းကအလုပ်မှာအင်မတန်စိတ်ခြရသည်လေ။

"ဟုတ်"

သိပ်မကြာအလုပ်ပြီး၍လှည့်ကြည့်တော့ အိပ်ပျော်နေတဲ့
ထယ်ယောင်းရယ်လေ။စာရင်းစာအုပ်လေးကို ရင်ခွင်မှာကလေးပိုက်သလိုပိုက်ထားပြီး အိပ်ပျော်နေတာကလေးတစ်ယောက်လို..။
ထယ်ယောင်းရဲ့ဆံစလေးတွေခပ်ဖွဖွထိကြည့်ပြီးပွတ်
သပ်ပေးမိသည်။

ဒီကလေးဟာအင်မတန်မှချစ်စဖွယ်ကောင်းလှသည်။
မျက်လုံးကိုမိတ်ထားသောကြောင့် မျက်တောင်ရှည်များကကော့ညွတ်နေသည်။ ဖြူဖျော့ဖျော့ပါးပြင်ကနေကောင်း ခါစဖြစ်၍ အသွေးရောင်သဲ့သဲ့ကသန်းလျက်။ နှာတံမြှင့်မြှင့်
ကထင်ထင်ရှားရှာဖြင့် အင်မတန်ချောမောပြီးရူးသွတ်
လောက်စေသည့်ရုပ်ရည်ရှိသည်။ ဒါကိုဒီကောင်လေးက
ကိုယ်နဲ့အတူနေဖို့ဘာလို့များတွေးခဲ့တာပါလိမ့်..။

crazy. U&Z(completed)Where stories live. Discover now