Zawgi
တစ်ခါတစ်လေကြရင် လူတွေကပြောကြလိမ့်မယ်။
မင်းဟာအင်မတန်မှ မိုက်ရူးရဲဆန်လိုက်ထာဆိုပြီး...။ အင်း အဲ့ဒါဟုတ်တယ်.. ဆိုပြီးကျွန်တော်ပြန်ဖြေမိလိမ့်မယ်။
အိမ်ထောင်ရှိနေပြီးသား အမျိုးသားတစ်ယောက်ကို ရူးရူးမူးမူးချစ်နေရခြင်းကလည်း တကယ်ရူးသွတ်တာပဲလေ။ဘယ်လောက်ထိရူးသွတ်ခဲ့လဲ ပြောပြရရင်တော့ ရှက်ဖို့အင်မတန်မှကောင်းလှသည်။ ဘာလို့များအဲ့လောက်ထိ ပေးဆပ်ခဲ့ရလဲပေါ့...။ ပေးဆပ်တယ်လို့ပဲခေါ်မလား။ အနစ်နာခံတယ်လို့ပဲခေါ်မလား....။ ဈေးပောတယ်လို့ ခေါ်မလား....။ ကိုယ့်ရဲ့ခန္ဓာကိုယ်အကြောင်း သိတာတောင် အတူနေဖို့ဆုံးဖြတ်ခဲ့သူလေ။
ယောက်ျားလေးဖြစ်ပြီး တစ်ဦးတည်းသောကိုယ်ဝန်
ဆောင်နိုင်လေ၏။ ဒါကိုသိနေရက်နဲ့တောင် အိမ်ထောင်ရှိ
ထိုအမျိုးသားနဲ့ အတူနေခဲ့လေသည်....။ကင်နန်းဂျွန် ဟုတ်ပါရဲ့ကျွန်တော့်ချစ်ရသူလေ။ ကျွန်တော်အလုပ်လုပ်နေတဲ့ကုမ္ပဏီကCEOပေါ့ အဟွန်း...။ ကျွန်တော်ကသူ့ရဲ့
အတွင်းရေးမှူးပါ.....။အတွင်းရေးမှုးကင်ထယ်ယောင်း
ဆိုတဲ့ကဒ်ကလေးကိုကိုင်ပြီးငြိမ်သက်နေမိသည်။ အတိတ်တွေက လှသလောက် အနာဂါတ်က အကျီးတန်လိုက်တာများ ရုပ်ပုံလွှာပင်မပေါ်တော့။ထိုနေ့ကအတူနေခဲ့ကြတယ်..။ မချစ်လောက်ဘူးလို့ထင်ပါတယ်။ CEOကသူ့အမျိုးသားကိုသိပ်ချစ်တာတဲ့...။
ဒါပေမဲ့သူ့အနားခဏတာပဲဖြစ်ဖြစ် ပိုနေခြင်ခဲ့တာ
သိက္ခာတွေကိုအဖျတ်အစီး အဆုံးအရှုံးခံပြီး.....။ နောက်ဆုံးတော့ ရလိုက်တာကလေဟာနယ်တစ်ခုအပြင် မပိုပေ။အဲ့ဒီ့နေ့ကစကားလုံးတစ်လုံးကိုသာ ကြားယောင်နေဆဲ
ယခုချိန်ထိမေ့မရသည်မို့....။ ဦးနှောက်က အမှတ်သညှာကြီးလွန်သည်မို့။"ဟိုဆော့ကိုယ်က မင်းကလွဲလို့နောက်ထပ်ယောက် လက်ထပ်မှာမဟုတ်လို့ သိပ်စိတ်ပူမနေနဲ့"
...တဲ့.......။ကိုယ့်မှာတော့ ချစ်လိုက်ရတာ။ တကယ်ပဲCEOဟာ ကိုယ့်ကိုခဏတာအဖြစ်သဘောထားရုံပဲ။ လွယ်လွယ်ရလို့
ယူခဲ့ယုံပဲ...။ တစ်ခါတစ်လေအမှန်တရားက ခါးသက်၍
မုသားတွေကချိုမြန်သည်....။ ထိမုသားတွေကို
လက်လွတ်ဖို့အချိန်ကျလာတော့ ရင်ကွဲမတတ်။