အပိုင်း ၂၂

513 70 21
                                    

Zawgi

"တကယ်ပဲ ထယ်ယောင်းက တို့ကိုဝိုင်သောက်စေချင်မှန်း မသိဘူး ထယ်ယောင်းက တို့ဝေဒနာကိုသိနေတာတောင်
အဲ့လိုလုပ်ရက်မယ်လို့ ထင်မထားဘူး...ဟင့်"

မျက်ရည်တွေပေါက်ခနဲကျကာ ငိုနေသည့် ​ဂျောင်ဟိုဆော့က အစ်ကို့ရင်ခွင်ကိုမှီရင်း ခပ်ယဲ့ယဲ့ပြောလာသောကြောင့်သူလိုက်မမှီတော့ပေ။ဘာဝေဒနာလဲ သူကဘာကိုသိရမှာလည်း။

"ခင်ဗျားပြောနေတာတွေတကယ်နားမလည်ဘူး ဘာတွေပြောနေတာလဲ"

မျက်ရည်တွေကိုဖိသုတ်နေတဲ့ထယ်ယောင်းကို ကြည့်ကာ ဟက်ခနဲ ရယ်လိုက်မိသည်။သို့သော်ပါးပြင်ပေါ်ကမျက်
ရည်တွေက ​လျော့မသွားပေ။ စိတ်ခြထယ်ယောင်း ဒါလင်ကိုတိုင် မင်းကို ​မောင်းထုတ်အောင်လုပ်ပေးမှာ။

"ဘာလိုဝိုင်တွေကိုသောက်စေချင်မှန်း သိပါတယ် ဒါလင်ရဲ့ယောက်ျားဖြစ်နေလို့မဟုတ်လား တကယ်တော့လေ ထယ်ယောင်းကတို့ထက် ဒါလင့်ဂရုစိုက်မှုကို ပိုရတဲ့သူပါ တကယ်တော့ အဲ့လိုမလုပ်သင့်ပါဘူး တကယ်ဆိုတို့က
ဒါလင့်ကို ချစ်တဲ့စိတ်နဲ့ မင်းကိုလက်ခံပေးနေရတာ"

"ဟန်နီတိတ်နော်တိတ် မငိုနဲ့တော့ ​နေမကောင်းဖြစ်မယ် ဟန်နီမလုပ်တတ်မှန်း ဒါလင်သိတာမို့ ရပြီနော် ဘာမှမဖြစ်ဘူး"

ဒါလင့်ရင်ခွင်ထဲမှာသာ ပြုံးနေလိုက်မိသည်။ ကင်ထယ်ယောင်းရေ ​နောက်ဆုံးတော့လည်း မင်းကအငှါးကိုယ်ဝန်ဆောင်သူ သာသာပဲ ဖြစ်သွားမှာ အဟက်...။

လက်သီးကို ကျစ်ကျစ်ပါအောင်သာ ဆုတ်ထားမိသည်။
ဂျောင်ဟိုဆော့ဘာတွေပြောနေလဲ သူမသိပေ သို့သော်
သူ့ရှေ့ကမြင်ကွင်းကတော့ သူ့ကိုခါးသက်စေသည်။ အစ်ကိုကတကယ်ပဲ အစကနေအဆုံးထိ ​ဂျောင်ဟိုဆော့ကို ရွေးချယ်ခဲ့တာ သူကသာ အလိုက်ကမ်းစိုးမသိ မျက်နှာပြောင်ပြောင်ဖြင့် လက်ထပ်ပစ်ခဲ့တာ။ တကယ်ပဲ ဘယ်ဘဝက ဝဋ်ကြွေးတွေ ဆပ်နေရလဲ မသိခြေ။တစ်ဆတ်ဆတ်တုန်ရီလာလေသာ နှုတ်ခမ်းကိုသာ ဖိကိုက်ကာတွေးနေမိသည်။ သူလိုနေချိန်မှာတော့ သူ့ကို
ပွေ့ဖက်မည့်သူက မည်သူမှမရှိဘူးဆိုတာ..။

crazy. U&Z(completed)Where stories live. Discover now