Zawgi
"အဆင်ပြေရဲ့လားဟျောင်း ဘာလို့ဝိုင်ကိုသောက်လိုက်
ရတာလဲ ကျွန်တော်သာနောက်ကျရင် ဟျောင်း သေလိမ့်မယ်သိရဲ့လား"ဆေးကိုသေခြာသွင်းပေးရင်း ပြောနေတဲ့ဂျောင်ကုကြောင့်
ပြုံးရုံသာပြုံးမိသည်။"မင်းကောအဆင်ပြေရဲ့လား ငါနိုးလာတော့မင်းကို
မြင်ရတာတကယ့်ကိုအားနည်းနေတဲ့ပုံမို့"ဟျောင်းနိုးလာတော့ သူ့ရဲ့အားနည်းနေတဲ့ပုံကိုမြင်သွား
သော်ငြားဟျောင်းမသေဘူးဆိုတာ သိရတော့သူ့မှာ အတော်လေးသက်သာခဲ့တာ။ဆရာဝန်ဆိုတာက လူတစ်ယောက်သူ့ရှေ့မှာသေရင်
သေမတတ်ကြောက်ကြတဲ့သူတွေပဲလေ။"ပြေသွားပါပြီ ဟျောင်းမတည့်တာတွေ ထပ်မစားနဲ့ကျွန်တော်ပြန်ရတော့မယ် ဖြစ်လားဆေးရုံမှာလည်း night duty
ကျနေတာ""ကျေးဇူးဂျောင်ကု"
မလိုပါဘူးဟုပုံစံဖြင့် ခေါင်းခါပြကာ ညထွက်သွားသော ဂျောင်ကုဆီလိုက်မပို့ဖြစ်ပေ။ မနက်ဖြန်အတွက် နည်းလမ်းကောင်းလေးတွေကိုသာ စဉ်းစားရင်း အိပ်ဆက်ခြင်းဆီသို့။
မနက်နိုးတော့ ဒါလင်ကပြန်မရောက်သေးပေ။ ခပ်ဖျော့ဖျော့အသားအရည်ကိုဖုံးကာပေးတဲ့ အစိုဓာတ်ဗီတာမင်တစ်ခုကို မျက်နှာပေါ်လိမ်းပြီး ဒါလင့်ဆီသွားဖို့ပြင်ရသည်။ ဒီနေ့
ကသိပ်ကိုပျော်ရွင်စရာကောင်းမှာ။"ဒါလင်ရေဒါလင်"
အိမ်ရှေ့မှာထိုင်နေတဲ့ဒါလင့်အမေကို မြင်သောကြောင့်
ခြံအတွင်းဝင်ရင်းဒါလင်ဟုသာ ကျယ်လောင်စွာ ခေါ်နေမိသည်။ ဒါလင်ကတော့ ခပ်သုတ်သုတ် ထွက်လာလေသည်။"အခုပဲဟန်နီ့ဆီလာတော့မလို့ မင်းမင်းကပူဆာနေတာနဲ့
လေတကယ်ပဲ"ဒါလင်ကသူ့ဆံပင်ကိုဖွကာ လက်ဖမိုးကို ငုံ့နမ်းလိုက်သည်မို့ ရယ်သာရယ်လိုက်မိသည်။တံခါးဘောင်ဘေးက ကင်ထယ်ယောင်းကတော့ မျက်စိမျက်နှာပြက်လျက်။