Zawgi
ရှပ်ခနဲပွင့်သွားတဲ့တံခါးကြောင့် ရင်ထဲလှိုက်ခနဲ နန်းဂျွန်
ဟျောင်းများလား။ ဟုတ်ပါရဲ့အိင်္ကျီဖြူနှင့်နက်ပြာရောင်
ဘောင်းဘီကိုတွဲစပ်ဝတ်ဆင်ထားတဲ့သူ့ရဲ့ချစ်လှစွာသော
ထိုလူသား...။"ယောင်းအဆင်ပြေလားကိုယ်မနေ့ကမအားလို့ဒေါ်ကြီး
ကနောက်ကျလိုက်ထာ"သွေးစုတ်ထားသလိုဖြူဖတ်နေတဲ့မျက်နှာကို ခပ်ဖွဖွထိ
ကြည့်တော့မျက်နှာကိုခပ်ဖြည်းဖြည်းလွဲသွားသည်။ ဘာ
တွေများနာကျင်နေပါလိမ့်...။"ဒေါ်ကြီးကသူ့ရဲ့ကလေးကိုကျောင်းပို့နေရင်နေမှာလေ
အဲ့ဒါကြောင့်နေမယ် ယောင်းလည်းနိုးတာမကြာသေးပါ
ဘူးအစ်ကိုရယ်"လိမ်လိုက်ထာတစ်ညလုံးမအိပ်ရသေးဘူးဆို ပိုမှန်မလား။
အစ်ကိုတဲ့သိပ်ကိုခေါ်ခြင်ခဲ့တဲ့နာမ်စားလေး။ယခုခေါ်ခွင့်ရလို့ကျေနပ်ရသည်။"အဆင်ပြေရဲ့လားယောင်းဖြူရော်ရော်နဲ့နေမကောင်းများဖြစ်နေတာတော့မဟုတ်ပါဘူးနော်"
"အဆင်ပြေပါတယ်အစ်ကိုရှိနေလို့ယောင်းအဆင်
ပြေပါတယ်"သွားလေးတွေပေါ်လာသည်အထိပြုံးပြနေသောယောင်း
ကြောင့် သတိလက်လွတ်ငေးမိသွားသည်။ထိုကောင်လေး ဟာသိပ်လှလွန်းတယ် ။အတွေးစုတ်စုတ်တွေကိုခါထုတ်ပြီး လုပ်စရာရှိတဲ့အလုပ်တွေကိုသာထိုင်လုပ်နေမိသည်။ယခုမှာတော့CEO
ဆေးရုံတွင်သာအလုပ်လုပ်နေရသည်။မျက်မှန်ဂိုင်းကိုပင့်တင်၍ လက်ချောင်းရှည်ရှည်တွေနှင့်
Keyboard ကိုရိုက်နေသည်မှာ ဤမျှကြည့်ကောင်း
မည်ဟုဘယ်တုန်းကမှမထင်ခဲ့။ အတွင်းရေးမှူးဘဝက
တည်းက အဝေးကသာငေးရသည်မို့ ခုမှာတော့နီးကပ်
စွာငေးကြည့်နေရသောကြောင့် အင်မတန်ကိုပြီးပြည့်စုံ
သော လမင်းကိုငေးကြည့်နေရသလိုပင်အေးချမ်းသည်။ဒေါက်....ဒေါက်...ဒေါက်
"အဒေါ်ကြီးဖြစ်မယ်ဝင်ခဲ့ပါ"