Zawgi
"ဒါလင်နိုးပြီလား ဟန်နီဟင်းချက်ထားတယ် လာဒါလင်လာဒီမှာစားကြည့် ဒါလင့်အကြိုက်ချဉ်စပ်လေး"
တီ...တီ...
"ဟလို...
အာဟုတ်ဒေါ်ကြီးဟွာ..
ကလေးဘာမှမဖြစ်လောက်ပါဘူးနော်..
ကလေး...
ဟုတ်ကဲ့ကျွန်တော့အမြန်လာခဲ့ပါ့မယ်... "ဖုန်းဆက်ရင်း မျက်နှာကိုဖိပွတ်ကာမူပျက်နေသော ဒါလင့်ကြောင့် ဟိုဆော့စိတ်တွေယ်ို့ယွင်းစပြုလာပြီ။
"ဟန်နီထယ်ယောင်းသွေးတွေ
ဆင်းလို့တဲ့အဲ့ဒါဒါလင်ခဏလိုက်သွားလိုက်ဦးမယ်
ခဏပါပဲဟန်နီ"ပြောကာပြေးထွက်သွားသည့် ဒါလင့်ပုံရိပ်ကလွင့်ခနဲ။
ဘာလို့များသူ့ကျတော့ သားအိမ်မပါခဲ့သလဲ။
လောကကြီးက မတရားလိုက်တာ...။
ရင်ထဲမှတစ်စစ်စစ်ကိုက်ခဲနေသော ဝေဒနာကိုအံတုရင်း နှုတ်ခမ်းကိုသာကိုက်နေမိသည်။
ငန်ကျိကျိအရည်တွေဝင်လာမှ နှုတ်ခမ်းဟာ
ပေါက်သွားမှန်းသိလေသည်။ဖူးရဲနေသောနှုတ်ခမ်းကိုခပ်ဖွဖွထိတွေပြီး
ဒေါသပူပူတွေက လူကိုဝါးမြိုလာ၏။ဒါတွေဟာထယ်ယောင်း
အဲ့ဒီ့ကောင်လေးကြောင့်။အား.....!
ခွမ်း!
မနက်ခင်းဟာ ဖန်ကွဲစတွေလို့ အကွဲကွဲ
အပြားပြား..။ ကြေမွနေသောဖန်ကွဲစကို
လက်ဖြင်ဖိမိတော့ သွေးတွေကဖြာခနဲ....။
နာကျင်သည် တော်တော်လေး။
စိုက်ဝင်သွားသောဖန်စကို ဆွဲထုတ်လိုက်တော့ သွေးတွေက တလဟောထွက်လာသည့် ပြတ်ရှရာအကြီးကြီးကြောင့် သူလန့်တောင်လန့်သွားလေသည်။သို့သော်ဖေးကူမဲ့သူမရှိ။အိပ်ခန်းတွင်းမှဆေးသေတ္တာကိုယူ၍ ဆေးသာထည့်ပြီးပတ်တီးစီးလိုက်မိသည်။
ဒီလောက်နာကျင်ရတာတော်ပြီပေါ့။
ဖန်ကန်ကွဲတွေကိုသေခြာရှင်းလင်း၍ ရေမိုးချိုးပြီး
ကုမ္ပဏီသွားဖို့ပြင်ရသည်။ သူကအရင်လိုဆွဲဆောင်မှုရှိပြီး
အမြဲတမ်းတတ်ကြွနေမှ ဒါလင်ကချစ်မှာ။
မှိုင်တွေနေရင် ဒါလင်ကစိတ်ပျက်သွားမှာပေါ့
ဒါကြောင့်သူကုမ္ပဏီသို့သွားဖို့ပြင်ရသည်။