Zawgi
အိမ်ထဲကိုဝင်လာမိတော့ တံခါးတွေပွင့်နေလေသည်။
ဘယ်သူများလဲ ဒါလင်များရောက်နေတာလား။
အိပ်ခန်းရဲ့မွေ့ယာပေါ်မှာတော့ ဒါလင်ဟာပိုးလိုး
ပက်လက်ဖြင့်အိပ်ပျော်နေဟန်တူသည်။ဆံပင်တွေကိုသိမ်းပြီးတင်ထားတဲ့ဒါလင်ဟာ အလွန့်တရာ
မှပြီးပြည့်စုံလေရဲ့။ ပါးပြင်ကိုခပ်ဖွဖွထိတွေ့မိတော့အနည်း
ပိန်းသွားသည်ကို ပါးရိုးတွေကနေခံစားလို့ရနေသည်။
ဒါလင်စိတ်ဆင်းရဲနေသလား..။ ဟန်နီကကော...
ဟန်နီလည်းရူးမတတ်ပါပဲ ဒါလင်။ဘာဆက်လုပ်ရမှန်းမသိအောင်ကိုလေ....။ မေးရိုးထင်းထင်းကိုခပ်ဖြည်းဖြည်းထိတွေ့မိ
တော့မျက်လုံးတွေဖွင့်လာတဲ့ဒါလင်ရယ်..။"Sorryဒါလင်နိုးသွားပြီ"
"အင်း"
မျက်နှာကထိတွေမှုကြောင့် မျက်လုံးဖွင့်ကြည့်တော့
ဟန်နီရယ်လေ။ ပြုံးပြီးကြည့်နေတာ ဒီအပြုံးတွေမြင်တိုင်း
ဒါလင့်မှာဝေခွဲရခက်ဆဲ..။ လက်သွယ်သွယ်ကိုဆွဲကိုင်ပြီး
ဟန်နီခါးကိုဖက်၍ ရင်ခွင်သေးသေးထဲတိုးဝင်နေမိသည်။
ကိုယ့်အတွက်ဒီရင်ခွင်ကသေးပေမဲ့ အနွေးဓာတ်လုံ
လောက်တယ်ဟန်နီသိလား။ ဒါလင်အခုအားတွေပြည့်သွားသလိုပဲကျေးဇူးဟန်နီ...။"နေမကောင်းဘူးလားဒါလင်"
ရင်ခွင်ထဲခန္ဓာကိုယ်နှင့်မလိုက်ဖက်အောင် တိုးဝင်နေတဲ့
ဒါလင့်ရဲ့ဆံနွယ်တွေကို တယုတယပွတ်သပ်ပေးနေမိ
သည်။ နှာခေါင်းထဲဝင်လာသော ခပ်ပြင်းပြင်းရှန်ပူနံ့ကိုအနံ့ခံ
ရင်းငြိမ်နေမိသည်..။ ယခုအေးချမ်းရလေသည်။"ထယ်ယောင်းက..ကလေးကိုဖြတ်ခြဖို့ကြံနေတာ
ဒါလင်ဘာလုပ်ရမလဲဟန်နီ"ဟင်..ဘယ်လိုထယ်ယောင်းက သူ့ရဲ့ကလေးကိုဖြတ်ခြ
ဖို့ကြံတယ်..အဟား..ခြေတစ်လှမ်းသာသွားပြန်ပြီ။
လုပ်ဇာတ်ပဲလား..။ ဒါလင်က ကလေးကိုသဲသဲလှုပ်ဖြစ်နေတာမို့ ဒါလင်ကိုအခုလိုလှည့်
ကွက်ဆင်လိုက်ပြန်ပြီပေါ့..တော်လိုက်တာ...။