အပိုင်း ၁၆

731 65 23
                                    

Zawgi

ဒါလင့်ရင်ခွင်ထဲကထွက်ကာ ဒါလင့်ဖို့ဟင်းတွေချက်နေမိသည်။မို့အစ်နေသောမျက်ဝန်းတွေကိုရေခဲကပ်၍ နို့ရည်ခပ်
ပါးပါးလူးလိုက်မိသည်။ ဟန်နီဘာမှမဖြစ်ဘူးဒါလင်
တကယ့်ကိုဘာမှမဖြစ်ဘူး ဘာလို့လဲသိလား ဒါလင်ကတော့ဟန်နီအပိုင်ဖြစ်နေသေးလို့..။

နေ့ခင်းကတည်းကငိုရင်းအိပ်ပျော်သွားတဲ့ဟန်နီဟာ အခု
ဘေးမှာမရှိတော့၍ စိတ်ပူသွားသော်ညား မီးဖိုချောင်ကအသံဗလံတွေကြားမှစိတ်ခြရလေသည်။

"ဟန်နီ ဒါလင်ကူလုပ်ပေးရမလား"

ခါးတစ်ဝိုက်ကိုလာရောက်ဖက်တွယ်သော သန်မာသည့် လက်တစ်စုံကိုပြန်လည်ကိုင်ပြီး ​နောက်လှည့်ကာ ဒါလင့်ပါးကိုနမ်းလိုက်တော့ ဒါလင်ကပါးချိုင့်တွေပ်ါအောင်
ခပ်တိုးတိုးရယ်သည်။ ဒီလိုမျိုးအချိန်တိုင်းဖြစ်နေခဲ့မှာ
ကင်ထယ်ယောင်းသာပေါ်မလာခဲ့ရင်လေ။ ညစ်ညူးနေ
သောစိတ်အစုံကိုခါထုတ်ပစ်ကာ ဒါလင့်အတွက်ချက်နေ
သည့်ဟင်းအိုးကိုသာအာရုံစိုက်မိသည်။

"ဒါလင်ကစာဖိုမှူးကြီးဆိုတော့ ကူလုပ်မယ်ပေါ့ နေပါ
ဒါလင်ရယ်မဟုတ်ရင်ဟန်နီတို့အိမ်လေးဒါလင့်ကြောင့်
ပေါက်ကွဲသွားပါအုံးမယ်...အဟက်..ဟီး..ဟီး"

ပါးပြင်ကိုခပ်ဖွဖွနမ်းပြီးရယ်သံသဲ့သဲ့လေးနဲ့စနေသော
ဟန်နီက ကိုယ့်စိတ်ကိုအပိုင်စားရထားသောလူသား
ငယ်တစ်ဦး။ နုအိနေသောပါးဖြင့်မျက်ဝန်းညို့ညို့တွေ
ကအလွန်ပင်တတ်ကြွနေသည်။ မနက်ကဘာပြဿနာ
မှမဖြစ်ခဲ့သည့်အတိုင်း ဤသို့တွေ့ရတော့ဟန်ဆောင်
ထားသောဟန်နီအားပိုမိုပျော်ရွင်စေခြင်သည်။

"ရီတယ်ပေါ့ဟုတ်လား ဟမ် လာခဲ့ ရီဦးမှာလား
ရီဦးမှာလား ပြောလေ ပြောလေ "

ခါးတစ်ဝိုက်ကိုရစ်ပတ်ကာပွတ်သပ်၍ ကလိထိုးနေသော
ကြောင့်သိလိုက်သည်က ဒါလင်ဟာသူ့ကိုပျော်ရွင်အောင် လုပ်ပေးနေသည်ဟုပင်ထင်မိသည်။ ဒါလင်သည်သူဘယ်
လောက်ပဲဟန်ဆောင်ဟန်ဆောင် အမြဲသူ့စိတ်ကိုသိနေ
ခြင်းပင်။ သို့သော်ငြားယခုတော့ သူ့စိတ်ကတကယ့်ကို
တတ်ကြွနေခြင်းပင်။ ​လေပြေမလာခင်မုန်တိုင်းခဏ
ဝင်သည်ဟုပဲခံစားရသည်မို့။

crazy. U&Z(completed)Where stories live. Discover now