အပိုင်း ၂၀

518 65 30
                                    

Zawgi

နေ့တိုင်းဒီလိုပဲရုံးသွားလိုက် ​ဆေးခန်းသွားလိုက်ဖြင့်
လည်ပတ်နေသော်ငြား ဒါလင်ကတော့တစ်ရက်နှစ်ရက်
ကြာမှပြန်လာတတ်သည်လေ။

ဒီနေ့လည်းအိမ်ပြန်ရောက်သည့်အချိန်တွင် ဗိုက်ထဲကဟာတာတာကြောင့် ​ခေါက်ဆွဲချဉ်စပ်ကိုသာပြုတ်စားလိုက်မိသည်။
ပြီးတာနဲ့ဆရာဝန်လေးပေးထားတဲ့ဆေးကိုသောက်၍
ဒါလင်ပြန်အလာကိုစောင့်နေသော်ငြား ​မှောင်ရီပျိုးလို့
အချိန်တွေကအတော်ပင်ကြာလာလေသည်။ သို့သော်ငြား ဒါလင်၏အရိပ်တောင်မမြင်ရပေ။

ဟိုဘက်အိမ်ကဆူဆူညံညံအသံကြားတာကြောင့် ဝရံတာကနေကြည့်မိတော့ ဒါလင်ကကင်ထယ်ယောင်းဘေးမှာ
ကင်ထယ်ယောင်းကိုသာ အရိပ်တစ်ကြည့်ကြည့်ကြည့်နေ
လေသည်။ ရင်ထဲကတိုးထွက်လာသောနာကျင်မှုကို
လစ်လျှူရှုကာ နှစ်ယောက်အိပ်ကုတင်ပေါ် ကန့်လန့်ဖြတ်လှဲခြလိုက်လေသည်။ သူထပ်ပြီးငိုမနေခြင်ဘူးထပ်ပြီး
နာကျင်မနေခြင်ဘူး ထုံနေတဲ့နှလုံးသားကအရေထူ
လောက်အောင်နာကျင်ခဲ့ပြီးပြီမို့လို့..။

အက်ကွဲခြောက်သွေ့လာသော လည်​ချောင်းကိုခပ်ဖြည်း
ဖြည်းထိတွေ့ကာ ​အော်ဟစ်လိုက်ချင် ​သော်ငြား အာစေး
မိထာနေသလို ဘာသံမှထွက်မလာခြေ။နားထင်စပ်ကနေ
စီးကျလာသောမျက်ရည်အချို့ကြောင့်နှာပိတ်သွားလေ
သည်။ အနည်းငယ် သက်သာလို သက်သာငြား အိမ်အောက်ထပ်ကဘားဆီသွားကာ ဝိုင်ကိုဖောက်၍
သောက်လိုက်မိလေသည်။

အူတွေပြတ်သတ်သွားသလားထင်မိရအောင် နာကျင်မှုက
ရင်ဝသို့တိုးလာလေသည်။ ဝမ်းဗိုက်ထဲကနာကျင်မှုက
ပါးစပ်ကထွက်ကျလာသည်လေ။ ​သွေးတွေအတော်လေး
ထွက်လာတော့ နာကျင်မှုကလည်းအတော်ပင်စိုးလာလေသည်။အစာအိမ်ကွဲထွက်သွားသလာထင်မိလောက်အောင်ပင်
လူဟာလည်းကြမ်းပြင်ပေါ်တွင့်ထွန့်ထွန့်လူးနေမိသည်။

အ.ဝေါ့.အ

ဆရာဝန်လေးပြောခဲ့တယ် ဝိုင်အယ်ကိုဟောပါတာလုံးဝ
သောက်မရဘူးတဲ့ပြီးတော့ သူခေါက်ဆွဲချဉ်စပ်တွေ
လည်းစားထားမိသည်။ နာကျင်ပြီးစုတ်ပြတ်သတ်ကာ
သွေးတွေအန်နေသည်ကို သူကိုယ်တိုင်လည်း
ကြောက်ရွံ့သည်။ ပထမဆုံးဖုန်းခေါ်ချင်မိတာကဒါလင်
ရယ်။ သို့သော်လည်းဝင်သာဝင်ကာ မကိုင်ပဲနေသော
ကြောင့်ထပ်မံခေါ်ဆိုသော်ငြားလည်း အရင်နည်းအတိုင်း
ဝမ်းဗိုက်ထဲကနာကျင်မှုအပြင် ​ဒေါသကပါပါလာလေသည်။ ဆရာဝန်လေးဆီဖုန်းဆက်တော့ချက်ခြင်းကိုင်လာ
လေသည်။

crazy. U&Z(completed)Where stories live. Discover now