အပိုင်း ၂၃

478 57 12
                                    

Zawgi

ဒီလိုနဲ့ဟန်နီကဆေးရုံတွင် ၁လခွဲလောက် နေရလေသည်။ဆေးရုံတွင်ဆိုသော်ငြား အိမ်တလှည့် ​ဆေးရုံတစ်လှည့်မို့ အဆင်ပြေသေးသည်။ အခုချိန်မှာ အားလုံးသက်သာကာပြုံးပြုံးရွင်ရွင်ဖြင့် ပြန်လည် ပြည့်လာသော ပါးတွေကြောင့်ကိုယ့်မှာပျော်ရသည်လေ။ သို့သော်ငြားရင်ထဲတွင်တော့ တစ်ပူကမငြိမ်းနိုင်ပေ။ ထယ်ယောင်း ဘယ်များရောက်နေလဲဆိုတဲ့ အသိကြောင့်ရင်ထဲတွင် ပူလောက်လျက်...။

လူအင်အားသုံးကာ ရှာခိုင်းထားသော်ညား အစအနပင် မတွေ့ခြေ။ ထယ်ယောင်းအစ်ကိုကိုယ်တိုင်ပင် မသိသောကြောင့်ခေါင်းခဲနေရခြင်း။

"ဒါလင်သွားရအောင်လေ ဟန်နီအိမ်ကိုတအားလွမ်းနေပြီ"

"ဘာလဲမနေ့ကမှဆေးရုံမှာ ​ဆေးစစ်ဖို့ တစ်ရက်ကလေး
နေရသေးတာကို ​ဆေးရုံတတ်တာလည်း အိမ်မှာပဲနေနေရတာပါပဲဟန်နီရာ"

"မသိဘူး လွမ်းတာကလွမ်းတာပဲ"

"ဟုတ်ပါပြီ"

ဒါလင်က နှဖူးလေးကို ခပ်ဖွဖွနမ်းနေသောကြောင့် ရင်ခွင်ထဲနေရင်းမှေးလိုက်လာမိသည်။အစာအိမ်သွေးကြောပေါက်တာကောအကုန် အဆင်ပြေပြီး ​နေလို့ကောင်း သွားလေသည်။ အခုလိုအချိန်ကို လာမနှောက်ယှက်ဖို့ ကြိုတင် ပြင်ဆင်ထားရမည်။

ကင်ထယ်ယောင်းပြေးနိုင်သလောက် သာပြေးထား ​မျက်စိရှေ့ပေါ်လာခဲ့ရင် အဲ့ဒီ့ချိန်ခွင့်လွတ်ပေးမှာ တော့မဟုတ်။ အတွေးစိုးတွေကို ခါထုပ်ကာ ဒါလင့်ရင်ဘတ်ကို အနမ်းပေးပြီး မျက်လုံးမိတ်ကာ လိုက်လာမိသည်။ ဒါလင်ကတော့ သူ့ဆံပင်တွေကို နမ်းရင်းကားကို ခပ်ဖြည်းဖြည်းမောင်းနေလေသည်။

"ရောက်ပြီဟန်နီထတော့"

"အင်း"

အိပ်မှုံစုံမွှားဖြစ်နေသည့် ဟန်နီ့ပါးပြင်ကို ခပ်ဖွဖွညစ်ကာ
ကားထဲကထွက်လာမိသည်။ အရင်ကသူတို့နှစ်ယောက်
ဇာတ်လမ်းက အခုလိုမချိုမြိန်ပေ။ ဒီအတိုင်းပဲသိပ်ပြီးထူး
ခြားလှသည့် အိမ်ထောင်ရေးမဟုတ်ခဲ့။ ယခုမှာတော့ပိုမို
ချိုမြိန်လာသော်ညား ပူလောင်မှုက ရင်ထဲကြီးစိုးနေလေ
သည်။

crazy. U&Z(completed)Where stories live. Discover now