Zawgi
"ဟုတ်ကဲ့ပါအမေဒါဆိုဒါလင့်ကိုလာခေါ်လိုက်ပါ့မယ်"
မထင်ထားသောဖုန်းတစ်ခုသူနှင့်မတည့်လှသောယောက္ခ
မကြီးထံမှဒါလင်သောင်းကျန်းနေလို့လာခေါ်ပါဦးဆိုတဲ့
အပြောကြောင့်ကော်ဖီဆိုင်ကနေဒါလင်တို့အိမ်ဆီအမြန်
ပြေးရလေသည်။ဘေးခြင်းကပ်နေသော်လည်းထိုအိမ်ကို
မရောက်ထာလပ်ထပ်ပြီးကတည်းကပင်ဖြစ်လောက်မည်။ကလေးမရနိုင်သောသူ့ကြောင့်ယောက္ခမကြီးကအမြင်မ
ကြည်ပေ။
အော်...လူတွေ..လူတွေ..လိုရင်တော့ခဏတာဖြစ်ဖြစ်
သုံးဆွဲလိုက်ကြတာကြီးပဲ..။အိမ်ရောက်တော့ဆူညံသံတွေကြောင့်အပြေးဝင်သွားမိ
သည်။မြင်လိုက်ရတဲ့မြင်ကွင်းကပြောင်းပြန်ဒါလင့်မေမေ
ကဒါလင့်ကိုဆူနေသည်လေ။သူဝင်လာတော့မဲ့ရွဲ့နေပြန်
လေသည်။ခုဏကတော့အလိုရှိလို့ခေါ်ခဲ့သည်ပဲအခု
အလိုမရှိပြန်ဘူးလား။"မင်းကကင်ထယ်ယောင်းဆိုတဲ့ကောင်လေးနဲ့ပက်သက်ခဲ့လိုအဲ့ဒီ့ကောင်လေးမှာကိုယ်ဝန်ရှိသွားတယ်ပေါ့
ဟုတ်လား စောစောပြောမှပေါ့သားရယ်ကလေးဆိုတာ
သားရဲ့သွေးသားနော်တစ်ချို့တွေများယူခြင်လွန်းလွန်းလို့ရူးနေတာသေတာတောင်မရလောက်ဘူး
ဒါကြောင့်အဲ့ကောင်လေးကိုမေ့မေ့ဆီခေါ်လာခဲ့လေပြီး
တော့မင်းမင်းကသူ့အစ်ကိုဆရာဝန်နဲ့ကြိုက်နေတာမ
ဟုတ်လားဘာဖြစ်လဲသားရယ်ဆရာဝန်လေအလုပ်မဲ့အကိုင်မဲ့လင်ပေးမှအလုပ်ရှိအကိုင်ရှိတဲ့ယောက်ျားမျိုးနဲ့
ယှဉ်ရင်ဘယ်လောက်သာလည်းသား မေမေက
သဘောတူတယ်သား မေမေသဘောတူတယ်မင်းဖေဖေ
ပြန်လာရင်လည်းမေမေပြောလိုက်မယ် ဒါဆိုမေမေ့ကို
ထယ်ယောင်းလေးဆီလိုက်ပို့ပါဦး"ဒါလင့်အမေဟာသူ့ကိုစောင်းမြောင်းပြီးပြောရုံမျှပင်မက
ခြေအခုပေါ်တင်ပင်ပြောဆိုနေသေးသည်။ခေါင်းကိုသာငုံ့
ကာစိတ်ပင်ပန်းနေသောဒါလင်ဟာလည်းဘာတစ်ခွန်းမှမပြောပေ။"မေမေ့သား..ဟင်ဟန်နီရောက်နေတာလား"
သူ့ကိုမြင်ကာမှအံ့သြတစ်ကြီးဖြစ်နေသည့်ဒါလင့်ကိုလည်းဘာရယ်ဟုပြောခြင်စိတ်မရှိပေ
အလွန်အမင်းချိုးနှိမ်နေသောဒါလင့်အမေကိုတိုက်စစ်
စင်ဖို့ပြင်နေမိသည်။