Zawgi
"ဟိုဆော့ရှီးအစားကို တစ်နေ့၎ကြိမ်ပုံမှန်စားပေးပါနော်
မနက်စာကတစ်ကြိမ်နေ့လည်စာတစ်ကြိမ် ညနေနဲ့ညစာ
ကိုတစ်ကြီမ်စီစားပေးပါ အခုလောလောဆယ်တော့
ချဉ်ငံစပ်လုံးဝလုံးဝမရပါ ဝိုင်အရက်အယ်ကိုဟောလ်ပါတဲ့
အစားအစာမရပါ အစာအိမ်ကသွေးကြောပေါက်တဲ့ထိတောင် ဖြစ်နေတာပါနော်ပျော့တဲ့အစာလေးတွေစားပေးပါ
ရပါပြီနောက်တစ်ပတ်နေရင်ပြန်လာခဲ့ပါဒါတစ်ပတ်စာ
ဆေးတွေပါ"ဆရာဝန်လေးပေးတဲ့ဆေးအထပ်လိုက်ကိုကြည့်ရင်း
စိတ်ညစ်မိသည်မှာအမှန် ဒီကြားထဲအစားရှောင်ရမည်
ဆိုတော့ပိုမိုစိတ်ရှုတ်သွားသော်ညားမတတ်နိုင်ခြေ။"ဂျောင်ကုရှီးကဒီမှာလုပ်တာတော်တော်ကြာပြီလား
ဆော့ဂျင်ကကောဘယ်တုန်းကရောက်တာလဲ"ခပ်ပြုံးပြုံးမေးလာတဲ့ဟိုဆော့ကြောင့် သူပါပြန်ပြုံးပြမိ
သည်။ ဘာပဲပြောပြောဂျောင်ဟိုဆော့က တကယ်ပွင့်လင်း
သည်လေ။ သူ့ကိုမိသားစုဆရာဝန်လိုကို သူ၏ကိစ္စများပြော
ပြထားသည့်အတွက် တကယ်ကိုလည်းအံ့သြရသည်။ဥပမာသူ့အမျိုးသားနဲ့ဆော့ဂျင်ညီလေးက ညားနေသည်ဆိုတာမျိုးပေါ့..။"ဒါကျွန်တော့်ဆေးခန်းပါ သိပ်တော့မကြာသေးဘူး၂နှစ်
လောက်ပေါ့ဆေးရုံကြီးမှာတော့ ၄နှစ်ရှိပြီဆော့ဂျင်ကလွန်
ခဲ့တဲ့တစ်နှစ်လောက်ကမှရောက်တာ သူ့ညီလေးကြောင့်
လို့ပြောတာပဲ"အားနာဟန်ဖြစ်သွားသောဂျောင်ကုကို လက်ကာပြလိုက်
လေသည်။ အမှန်တရားတွေပြောချိန်မှာအားနာနေရင်
လည်းဘာမှမထူးပေ။ အမှန်တရားကတော့ရှိနေဦးမှာ
မို့လေ။"အော်..ကျေးဇူးပါဂျောင်ကုရှီး ကျွန်တော်မေးသမျှပြန်
ဖြေပေးလို့"ခပ်ဖြည်းဖြည်းထွက်ဖို့ပြင်ရင်း လှမ်းနှုတ်ဆက်တော့လည်း
ခေါင်းငုံ့ပြလိုက်မိသည်။ဆော့ဂျင်အချစ်ဦးဆိုပြီး အမြင်မ
ကြည်ခဲ့သမျှအခုအချိန်မှာတော့အမှုန်အမွှားပင်မရှိတော့ခြေ။