Zawgi
"ဘာပြောတယ် ခုချိန်ထိမတွေ့သေးဘူး ဟုတ်လား
ကျစ်! ဘယ်အချိန်ထိ စိတ်အနှောက်အယှက်ဖြစ်
နေရဦးမှာလည်းကင်ထယ်ယောင်း.. တောက်!"နေနေ့လလရှာနေသည်မှါ ကြာသော်ငြား ယခုချိန်ထိအရိပ်အရောင်ပင် မမြင်ရသည့်ကင်ထယ်ယောင်းကို သူစိတ်မချပါ။ ဒါလင့်အနား ဘယ်အချိန်ရောက်လာမလဲဟု အမြဲလိုလို
ပူလောင်နေတာသူသာသိသည်။ ဒါလင်ကလည်းတောင်
ကိုရီးယားပါမက မြောက်ကိုရီးယားထိအောင် ရောက်သွားမလားဟု စိတ်ပူပြီးမြေလှန်ရှာနေသည်မှာ သူသိပါ၏။ တစ်နေ့တစ်နေ့ ထိုအကြောင်းကြောင့်ခေါင်းခဲနေရသည်မှာ သူသာအသိဆုံးပင်။"MDအစည်းအဝေးစပါတော့မယ်"
အစကတည်းက ကင်ထယ်ယောင်းအပေါ် ဒေါသထွက်နေ
သည်မို့ တံခါးမခေါက်ပဲဝင်လာသည့်ဝန်ထမ်းက သူ့ရဲ့မဲရာဖြစ်သွားလေသည်။"မင်းငါ့လက်အောက်ဝန်ထမ်းလုပ်နေပြီး တံခါးခေါက်
ဝင်ရမယ်ဆိုတာ နားမလည်ဘူးလား သွားနောက်တစ်
ခေါက်မမှားစေနဲ့ကြားလား""ဟုတ်ကဲ့MD"
ဤသို့ဖြင့်ဆူပွက်နေသောသူ့စိတ်တွေကို ခဏတာဖြေ
ဖြောက်ရသည်။ မဟုတ်ရင် အစည်းအဝေးအခန်းထဲ
ရောက်ရင်တောင် အပြုံးတုတွေနဲ့နှိပ်စက်ရမည်လေ။
တစ်ခါတစ်လေတော့လည်း ဒါလင်နဲ့နှစ်ယောက်တည်း
အပူပင်ကင်းကင်းနေခြင်သည်။ သို့သော်ငြား
ကင်ထယ်ယောင်းကဝင်ရောက်လာတော့လည်း
ကံတရားကိုသာအပြစ်ပုံခြရုံပေါ့။အစည်းအဝေးခန်းထဲဝင်သွားတော့ ဒါလင်ကပြုံးပြ၏။ စူးစူးနစ်နစ်ပါးချိုင်တွေနဲ့ ကြည့်ကောင်းလွန်းလှသော ဒါလင်ကြောင့် ပျော်ရွင်ခြင်းတွေ တစ်ဖန်ပြန်လည် ရောက်ရှိလာတော့သည်။ သူ့ကမ္ဘာမှာ
အစစ်အမှန်အပြုံးဆိုတာ ဒါလင်နဲ့တွေ့မှ ဖြစ်ပေါ်တာ။ ပြုံးပြသို့သော်ညား အားတင်းပြုံး
နေရသော ဒါလင့်မျက်နှာကြောင့် ရင်ထဲတွင်တော့စူးခနဲ။"အားလုံးကို ကျွန်တော်ပေးချင်တဲ့ဆောက်လုပ်ရေး
ကုမ္ပဏီတစ်ခုရှိပါတယ် အသစ်ထုပ်လုပ်မယ်ပေါ့ ခိုင်ခံ့တဲ့ဘိလပ်မြေနဲ့ အုပ်ကျောက်သဲနေရာတွေ အားလုံး
ကျွန်တော်ဝယ်ယူပြီးပါပြီ အဲ့နေရာအတွက် share ရှင်တွေကထပ်ဝင် ချင်ရင်လဲသဘောပါ မဝင်ချင်လည်း
သဘောပါဒါပေမဲ့ကုမ္ပဏီရဲ့ share တစ်ဝက်ကတော့
အဲ့ဒီ့ဆောက်လုပ်ရေးကုမ္ပဏီကိုပေးပို့ရပါမယ် လို့
လက်မှတ်ထိုးပြီးသားရှိတဲ့ စာရွက်တွေကျွန်တော့်မှာ
ရှိပါတယ်"