အပိုင်း ၁၈

475 55 32
                                    

Zawgi

အိပ်ယာကနိုးတော့ဘေးနားကလစ်ဟာနေတဲ့ အိပ်ယာ
ကြောင့် ဟက်ခနဲရယ်မောမိသည်။ ဒါလင်ကထွက်သွား
ပြန်ပြီဆိုသော အသိကြောင့်ပေါ့။ ဒါပေမဲ့လည်း သိပ်ဝမ်းမနည်းပေ။ ဘာလို့များလဲ ခံရပါများလာတော့ ခံစားချက်အစိတ်
အပိုင်းတွေဟာ ထုံအလာသည်ဟု ထင်ရလောက်အောင် ထူထူထိုင်းထိုင်းဖြစ်နေမိလေသည်။

တီ..တီ..တီ

နိုးစက်ထမြည်သည့်ဖုန်းကြောင့် ကြည့်မိတော့ ယနေ့ကဆေးခန်းသွားရမည့်နေ့ဆိုတာကို ပြက္ခဒိန်ကမှင်နီခြစ်ရာက
သက်သေပြသည်။ ဖုန်းနဲ့ပြက္ခဒိန်နေ့ရက်နှင့် တိုက်ပြီးလေး
လံနေသောစိတ်အချို့ကို ထူမကာရေချိုးခန်းဝင်မိလေ
သည်။ ​ရေချိုးခန်းကရေပန်းဖွင့်လိုက်မိတော့ မနေ့က
အမှတ်တရများအပြင် မှန်ပြင်ပေါ်မှာပေါ်နေသောခရမ်း
ပုပ်ရောင်အမှတ်အသားအချို့ကြောင့် ရယ်မောမိလေသည်။

အ်ာဒါလင် ဒါလင် ​အော် ဟန်နီ့ ဒါလင်ရယ် ဟား ဟား

ဟား ဟား။

အူလှိုက်သဲလှိုက်ရယ်ပြီးကာမှ အနည်းငယ်ရေငွေ့ရိုက်နေတဲ့မှန်ပြင်ကို ခပ်ဖွဖွသုတ်မိသည်။ ​ရေပန်းမှထွက်ကျလာ
သော ​ရေများကမှန်ကိုရေငွေ့ရိုက်သည်အထိ ​အေးနေသော်ညား သူ့ကတော့ ဘာရယ်မျှမခံစားရခြေ။ဒါဟာသိပ်
တော့မဟုတ်ခြေဘူးပဲ သို့သော်ညားလည်းရင်တွင်းကအပူ
ကိုမငြိမ်းနိုင်သည့်ရေ၏ ​အေးစက်မှုကြောင့်ပဲသူ့ခန္ဓာကိုယ်
ဟာဘာမျှမခံစားနိုင်ခြင်းလား။ ဤသို့နှယ်အတွေးပွားရင်း
ရေးချိုးခြင်းအမှုကိုပြီးစီး၏။

အိမ်အောက်မှာတော့ ဒါလင့်ကားအနက်ရောင်ဟာ စင်ဝင်အောက်ကနေရွေ့မနေသောကြောင့် ဒါလင်ဟိုဘက်အိမ်မှာဆိုတာကိုမနောစိတ်ကသိနေလေသည်။ သူလားသူများ
စိတ်ချမ်းသာနေမှာပျော်ရွင်နေမှာကိုထိုင်ကြည့်ဖို့ဝါသနာမပါလေတော့ဟိုဘက်အိမ်ဆီသို့ခြေလှမ်းများကတစ်ရွေ့
ရွေ့ဖြင့်..။

"ဒါလင်ကိုဟန်နီကကုမ္ပဏီသွားပြီမှတ်ထာ"

အပြင်မှာဘယ်သူမှရှိမနေ၍ ထမင်းစားခန်းဝင်လာပြီး
မေးတော့ဒါလင်ကမျက်နှာအပျက်ပျက်နှင့်ဘာလို့ပါလိမ့်
ထမင်းပွဲကြည့်မိတော့ဂဏန်းဟင်းရည်ကြောင့်အော်ရယ်မိမတတ်ဖြစ်သွားသည်။ဒါလင်ကဂဏန်းမကြိုက်ဘူးကင်ထယ်ယောင်းရဲ့။

crazy. U&Z(completed)Where stories live. Discover now