1

2.3K 173 35
                                    


ပြွတ်ခဲနေအောင် သီးနေသော သရက်ပင်အုပ်အုပ်ကြီးကို လည်ပင်းကျိုးမတတ် မော့ကြည့်နေမိသည်။
အပင်ပေါ်က သရက်သီးစိမ်းစိမ်းများကို ဆား ၊ ငရုတ် ရောထားသော အမှုန့်ညက်ညက်များနှင့် တို့စားလိုက်ရလျှင်ဖြင့် ။

အတွေးကြောင့် တံတွေးတစ်ချက် မျိုချကာ နှုတ်ခမ်းသပ်လိုက်မိသည်။

သရက်သီးစားချင်တယ် အော်နေသော်လည်း ခူးပေးမည့် သူ ဘယ်သူမှ မရှိ။
Baekhyun အရပ်လေးနှင့်လည်း ဘယ်လိုမှ မမှီ ။ ၅နှစ်အရွယ် ကလေးတစ်ယောက်အတွက် အပင်ပေါ်တက်ဖို့ဆိုတာကလည်း ပင်စည်တုတ်တုတ်ကို လက်လေးနှစ်ဖက်ဖြင့် သိုင်းဖက်ကာ ခြေထောက်လေးတွေဖြင့် တွယ်ချိတ်ထားမည်။
ထို့ထက်ပို၍ ဘာမှ မလုပ်တတ်။

ချုပ်ခြယ်လွန်းသော ဘွားကို စိတ်ဆိုးသည်။
အစပ်စားလွန်းသဖြင့် တစ်ခါတစ်ရံ ဗိုက်အောင့်တတ်သော Baekhyunကို သရက်သီး သီးချိန်တိုင်း မျက်စိဒေါက်ထောက်ကြည့်နေတတ်သည်။
အလွန်အကျွံ အစားမခံဘဲ အတိုင်းအတာဖြင့်သာ စားရသော သရက်သီးစိမ်းသုပ်ကို Baekhyun ဘယ်လိုမှ မတင်းတိမ်နိုင်။
ဘွားရဲ့ ရာဇသံကြောင့် ခြံထဲရှိ အလုပ်သမားတွေကလည်း Baekhyunကို သရက်သီး ခူးမပေးရဲကြ။

စိတ်ပျက်လက်ပျက်နှင့် သရက်ပင်၏ ပင်စည်ရင်းမှာ ခြေဆင်းထိုင်ပြီး အပင်ကို မှီထားလိုက်သည်။

ဆန့်တန်းထားသည့် ခြေထောက်ကို သေချာစိုက်ကြည့်မိသည် ။
ဒီခြေတံတိုတိုတွေက ရှည်မလာသေးဘူးလား ။
လက်လေးကို မြှောက်ပြီး ကြည့်လိုက်သည်။
လက်ကောက်ဝတ်လေးတွေက အနည်းငယ် ဖောင်းနေပေမယ့် လက်ချောင်းသွယ်သွယ်တို့က လှပစွာ သွယ်ဆင်းပြီး လက်ချောင်းဖျားတို့က ကော့နေသည်။

ဒီလက်တွေနဲ့ ဘယ်ချိန်မှ ကိုယ်စားချင်တဲ့ အသီးကို ခူးစားနိုင်မှာလဲ။

မြေပြင်ပေါ် ကျနေသည့် သရက်သီး မှည့်ဝင်းဝင်းကိုသာ ပါးစပ်ဖြင့် ကိုက်ပြီး အခွံခွါကာ စိတ်ဆိုးမာန်ဆိုး စားလိုက်သည်။
ပါးစပ်တဝိုက်ကို ကပ်စေးစေး ဖြစ်သွားပေမယ့် ပင်မှည့် သရက်သီး အရသာက ချိုမြိန်စွာ လျှာဖျားပေါ် စွဲထင်နေသည်။

Meaningless(Z/U)Where stories live. Discover now