ကျောင်းဖွင့်ရက်တွေရဲ့ ညနေတိုင်းမှာ Chanyeolနှင့်အတူ စာကြည့်ဖြစ်ခဲ့သည်။ Baekhyunကျောင်းမလိုက်နိုင်ခဲ့လျှင်တောင် Chanyeolဆီမှ စာကူးရင်း ၊ Chanyeolရှင်းပြသည့် စာတွေကို နားထောင်ရင်းပေါ့။
အိမ်ကို အမြဲတမ်း လာပြီး စာရှင်းပြနေရတဲ့ Chanyeolကို အားနာမိပေမယ့် ဘွားကို အချိန်အတော်ကြာ တစ်ယောက်တည်း ထားခဲ့၍ မဖြစ်တာကြောင့်။
ယခုလည်း အိမ်အောက်ထပ်တွင် Chanyeolစာရှင်းပြနေသည်ကို နားထောင်နေခြင်းဖြစ်သည်။စာကို နားထောင်နေရပေမယ့် Baekhyunရဲ့ စိတ်အလုံးစုံက စာအုပ်ထဲကို စိတ်ပါဝင်စားခြင်းမရှိတာ ကိုယ်တိုင်သာ သိသည်။
အိမ်အပေါ်ထပ်တွင် တစ်ယောက်တည်းဖြစ်နေသည့် ဘွား အဆင်ပြေပါ့မလား ။"Chanyeollie...ငါ အပေါ်ခဏသွားကြည့်လိုက်ဦးမယ် ။ ပြန်လာမယ်နော် ။ "
Chanyeolပုခုံးကို တစ်ချက်ပုတ်ပြီး အသိပေးသလို ပြောကာ အိမ်အပေါ်ထပ်ဆီ ပြေးတက်သွားပြန်သည်။
စာအုပ်တစ်အုပ်ကိုင်ပြီး သေချာရှင်းပြနေသည့် Chanyeolမှာသာ ကြောင်အမ်းအမ်း ကျန်နေရစ်ရသည်။Baekhyunက အဘွား အဆင်ပြေမှန်း သိမှ စာကို ပြန်ကြည့်သည်။ ဒါတောင် နာရီဝက် တစ်ခါလောက် အိမ်ပေါ်ပြေးပြေးတက်သွားတာကြောင့် Chanyeolကပဲ သူ့အစား မောပြီး ဆူငေါက်ချင်စိတ်လည်း မရှိတော့။
"တော်တော်မှောင်နေပြီ ။ ငါပြန်တော့မယ် ။ စာပြန်ကြည့်နော် Baekhyun ။ "
သတိပေးသလိုပြောပြီး စာအုပ်တွေ သိမ်းနေသည့် Chanyeolကို ပြုံးပြပြီး ခေါင်းအခါခါ ညိမ့်ပြရသေးသည်။
" ငါလိုက်ပို့မယ် ။ "
"အနီးလေးကို အပိုမလုပ်နဲ့ ။ ဘွားအနားမှာပဲ နေ ။ "
ရုပ်တည်ကြီးနှင့် Baekhyunစကားကို ပယ်ချသည့် Chanyeolကို စိတ်တိုချင်သည်။ Baekhyunကို အလျှော့ပေးလျှင် မိုးကြိုးပစ်မှာ ကြောက်၍လား မသိ။
"ဘွားကို အစောက သွားကြည့်ပြီးပြီ ။ အနီးလေးဆိုပေမယ့် ခြံရှေ့ရောက်ဖို့ တော်တော်သွားရဦးမှာ ။ ငါ မင်းနဲ့အတူ လမ်းလျှောက်ချင်လို့ ။ "
ဘာမှ မပြောတော့ဘဲ ရှေ့မှ ဦးဆောင် ထွက်သွားသည့် Chanyeolက Baekhyunစကားကို လက်ခံလိုက်သည့် သဘောလား ။
မှောင်ရီနေပြီး အရာရာ မသဲမကွဲ မြင်နေရသည့်အချိန် ။
အေးချမ်းပြီး တိတ်ဆိတ်ကာ ညဥ့်ပိုးဖလံတို့၏ အသံတချို့သာ ကြားနေရသည်။
တိုက်ခတ်သွားသည့် လေအဝေ့ကြောင့် အေးစိမ့်စိမ့် ဖြစ်သွားပြီး Baekhyunကိုယ်လုံးကို ကျုံ့ကာ လက်ပိုက်ပြီး လက်မောင်းနှစ်ဖက်ကို ပွတ်သပ်မိသည်။
YOU ARE READING
Meaningless(Z/U)
Fanfictionအဓိပ္ပါယ် မရှိတာ မဟုတ်ဘူး Chanyeollie။ အဓိပ္ပါယ် သတ်မှတ်မထားတာ ။ ဘာသတ်မှတ်ချက်မှ မရှိဘဲ မင်း ဆိုတာကို ချစ်ခဲ့တာပါ။ ဝေးကွာသွားဖို့ အကြောင်းပြချက် ရှာစရာ မလိုပါဘူး ။ ဟိုးကတည်းကမှ ငါတို့ မနီးစပ်ခဲ့ကြပဲ။ ........(1.6.2020).......... အဓိပ္ပါယ် မရှိတာ မဟ...