20

581 121 25
                                    


အံဩရိပ် လွှမ်းနေတဲ့ မျက်ဝန်းလေးတွေက စက္ကန့်ပိုင်းအတွင်း မသိကျိုးကျွန်ပြုကာ မျက်နှာလွှဲသွားသည်။
သေချာပေါက် မြင်လိုက်ရတာက ရင်းနှီး နွေးထွေးလွန်းတဲ့ အငွေ့အသက်တွေ။
ပိုက်ဆံရှင်းရန် ကမ်းလာသည့် လက်ကို Baekhyunလက်ဖျားလေးနှင့် ထိမိတော့ Chanyeolက အလျှင်အမြန် လက်ကို ပြန်ရုတ်လိုက်သည်။

ရင်ဘတ်ထဲမှ နာကျင်မှုက ဆစ်ခနဲ။

နာကျင်အောင့်သက်နေသည့် ခံစားချက်တွေကို မျက်ကွယ်ပြုပြီး အပြုံးနွမ်းနွမ်းလေးတွေနှင့် ကျေးဇူးတင်စကား ပြောလိုက်ရသည်။
မောင်းထွက်သွားသည့် ကားလေးရဲ့ နောက်မီးနီနီလေးကို မြင်ရသည့်အချိန်ထိ ငေးကြည့်နေမိသည်။

ဒီလောက် အချိန်တွေ ရင်းနှီးခဲ့တာတောင် ရင်ဘတ်ထဲမှ ဒဏ်ရာက မပျောက်ပျက်ချင်သေး။

Baekhyunအတွက် ပျော်စရာ ကြုံလာလျှင် အတူပျော်ပေးခဲ့သလို စိတ်ညစ်စရာ ရှိလာလျှင်လည်း နှစ်သိမ့်ပေးကာ ပုခုံးတစ်ဖက် ငှားပေးခဲ့သည့် Chanyeolကို အမြဲတမ်းအတွက် ရှိနေပေးမည်ဟု ထင်ခဲ့မိသည်။

အခုတော့ ယုံကြည်ခဲ့သမျှ ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့သမျှက သူ့ရဲ့ စကားတစ်ခွန်းမှာပဲ ပြိုပျက်ခဲ့ရသည်။
သူမရှိဘဲ ရှေ့ဆက်မရနိုင်ဘူးဟု ထင်ခဲ့သမျှကလည်း တလွဲဖြစ်ခဲ့ရသည်။

အရင်က မင်းမရှိရင် မဖြစ်ဘူးလို့ ထင်ခဲ့ပေမယ့် ငါ ရှင်သန်နေနိုင်ခဲ့သေးတာပဲ။
ယိုင်နဲ့နေတာ မှန်ပေမယ့်လည်း...

နာနာကျင်ကျင် ပြုံးလိုက်မိတဲ့ အပြုံးတွေကအစ ခါးသက်လိုက်တာ။

အရှိန်အဝါ တစ်ခုရှိနေသည့် Chanyeolက အမြင့်တစ်နေရာတွင် တောက်ပနေလောက်သည်။
ကြည်လင်ရှင်းသန့်နေသည့် မျက်နှာက ချောမော ခန့်ငြားလွန်းသည်။
အလိုမကျသလို မျက်ခုံးတန်းတို့ကို တွန့်ချိုးထားလျှင်တောင် ကြည့်ကောင်းလွန်းနေသည်။

သွေးအားကောင်းတာကြောင့် ရဲနေသော လက်ဖဝါးပြင်ကျယ်တို့က ထိုလက်ဖဝါပြင်တို့ကို ဆုပ်ကိုင်ဖူးခဲ့သည့် အတိတ်ကို သတိရစေသည်။

မင်းမျှော်မှန်းထားတဲ့အတိုင်း အကောင်းဆုံးဆိုတဲ့ အရာတွေကို ပိုင်ဆိုင်နိုင်နေပြီမလား။

Meaningless(Z/U)Where stories live. Discover now