22

546 118 27
                                    


"ဘာလို့ ဘာမှမပြောတာလဲ ။ "

ကိုယ်က မှားထားတာကြောင့် အနည်းငယ်တော့ ငြိုငြင်မည် ထင်ထားပေမယ့် Baekhyunကတော့ ကြည်လင်ပြီး အပြစ်တင် စကားတစ်ခွန်းမျှ မဆိုတာကြောင့် YoHanက မနေနိုင်တော့ဘဲ မေးလိုက်ရတော့၏ ။

"ဘာပြောရမှာလဲ Appaရယ် ။ သားတို့ မပြည့်စုံလို့ Appaရဲ့ ဝါသနာကို ကြိတ်မှိတ်သည်းခံနေရတာ ဘယ်လောက်ကြာနေပြီလဲ ။ အခု နည်းနည်းတော့ စိတ်ကျေနပ်သွားတယ်မလား ။ အဲ့လောက်ဆို ရပါပြီ ။ အကြွေးတွေ ဆပ်ဖို့ သား ပြန်စုလို့ ရပါတယ် ။ Appaကျန်းမာရေး ဂရုစိုက်နော် ။ Appa ရှိနေပေးတာနဲ့ လုံလောက်ပါတယ် ။ "

ခြေထောက်တွေကို နှိပ်နယ်ရင်း လေသံအေးအေးဖြင့် ပြောနေသည့် Baekhyunမျက်နှာလေးက ပြုံးပြုံးလေးနှင့် စိတ်အေးလက်သာ ရှိနေသည့် ဟန်။
အဲ့လိုပြောနေလေ YoHanက အပြစ်ရှိသလို ခံစားရလေ။
နည်းနည်းပါးပါး စိတ်မကြည်ဟန် ပြမှ အားနာရ သက်သာမှာပေါ့။
အခုတော့ ...။

YoHanသက်ပြင်း ခိုးချပြီး ခြေလက်ဆွေကို နှိပ်ပေးနေသည့် Baekhyunကို မကြည့်မိစေရန် မျက်နှာလွှဲနေရသည်။

"သား သိတတ်စအရွယ်ကတည်းက Omma ၊ Appa အဲ့လို့ခေါ်စရာ မရှိခဲ့ဘူး ။ သားအတွက် ဘွားတစ်ယောက်ပဲ ရှိတာ ။ ဘွားက သားကို လိုလေသေး မရှိအောင် ၊ ပျော်အောင် ထားပေးပေမယ့် မိဘမဲ့လို့ ခေါ်နေတဲ့ သူတွေကိုတော့ မခေါ်အောင် လုပ်ပေးဖို့ မစွမ်းနိုင်ခဲ့ဘူး ။ သားသူငယ်ချင်းတွေမှာဆို မိဘတွေ အစုံအလင်နဲ့ သားအရမ်း အားကျခဲ့ရတာ ။ တစ်ခါလောက်ပဲဖြစ်ဖြစ် Omma ၊ Appa လို့ ခေါ်ချင်ခဲ့တယ် ။ Appa ရှိနေမှန်း သိရတော့ သားဘယ်လောက် ပျော်လိုက်ရလဲ ။ "

ပြောနေရင်း တိမ်ဝင်သွားသည့် အသံလေးနှင့် ခေါင်းလေး ငုံ့သွားသည်။
ဆေးလိမ်းထားသဖြင့် ပူနွေးနေသည့် YoHanရဲ့ ခြေဖမိုးပေါ်သို့ အေးစက်စက် အရည်ကြည်တစ်ပေါက် ကျရောက်လာခဲ့သည်။
YoHanရဲ့ ဒူးဆစ်တွေကို နှိပ်ပေးနေသည့် Baekhyunရဲ့ မျက်ရည်စက်တွေ ထင်။

"Appaကို ပြည့်ပြည့်စုံစုံ မထားနိုင်လို့ တောင်းပန်ပါတယ် Appa "

Baekhyunကို ဆက်သွယ်ခဲ့ပြီး ယောက္ခမ၏ အိမ်ကို လိုက်သွားခဲ့သည့် နေ့က Baekhyunရဲ့ အထက်တန်း နောက်ဆုံးနှစ် ၊ နှစ်ဝက်ဆုံး စာမေးပွဲ ပြီးဆုံးရန် နှစ်ရက်သာ လိုတော့သည့် အချိန် ။
မနက်ခင်း စာမေးပွဲ ဖြေဆိုရန် သွားတော့မည့် အချိန်တွင် YoHan ယောက္ခမရဲ့ ခြံကို ရောက်လာခဲ့သည်။
Baekhyunက သူ့Appaမှန်း သိသောအခါ ဝမ်းသာအားရ ပွေ့ဖက်ကာ ပျော်ရွှင်နေခဲ့သည်။
စာမေးပွဲ သွားဖြေရန်ပင် မလိုလားတော့ဘဲ အဖေဖြစ်သူကိုသာ မေ့မေ့မောမော ငေးကြည့်နေခဲ့သည်။
နှုတ်ခမ်းထောင့်စွန်းလေးတွေ ကော့တက်ပြီး ပြုံးပြုံးလေး ကြည့်နေသည့် Baekhyunကြောင့် YoHanနေရခက်ခဲ့သေးသည်။

Meaningless(Z/U)Where stories live. Discover now