JunMyeonတို့ ချိန်းဆိုထားသည့် စားသောက်ဆိုင်ရဲ့ ကားပါကင်မှာ ကားရပ်ခဲ့ပြီး ဆိုင်ထဲ ဝင်လာခဲ့သည်။
ဆိုင်အတွင်း ဝေ့ဝဲကြည့်မိတော့ ထောင့်စွန်းကျသည့် ဝိုင်းတွင် ထိုင်နေသည့် JunMyeonက လက်တစ်ဖက် မြှောက်ပြတာကြောင့် Chanyeol ထိုဝိုင်းဆီ သွားလိုက်သည်။
နေရာယူပြီး JunMyeonတို့ ကြိုတင်မှာထားသည့် Beerအေးအေးတစ်ခွက်ကို မော့သောက်လိုက်သည်။
ပန်းကန်ထဲရှိ အသားပြားကြော်ကို ပါးစပ်ထဲ ပစ်ထည့်ပြီး ခုံနောက်မှီကို သက်တောင့်သက်သာ မှီလိုက်သည်။"ဘာလဲ ပြော "
"ဟ..ပြောစရာရှိမှ ခေါ်ရမှာလားကွ ။ အပြင်မှာ မဆုံတာ ကြာလို့ တွေ့ဖို့ခေါ်တာကို ။ "
Chanyeolရဲ့ အမေးကို JunMyeonက ပြန်ဖြေသည်။
YiXingကတော့ ဘာမှ ဝင်မပြောဘဲ Beerကိုသာ မျှင်းသောက်နေသည်။
သုံးယောက်လုံး အပြင်မှာ တွေ့ဖို့ဆိုတာ မလွယ်လှပေ။
ဆေးရုံမှာတောင် ဂျူတီချိန်တွေနှင့်မို့ ခေတ္တခဏလောက်သာ ပြောဆိုချိန်ရသည်။
Chanyeolက ခွဲစိတ်ဆရာဝန်ဖြစ်ပြီး YiXingနှင့် JunMyeonက အထွေထွေမို့ နှစ်ယောက်က အမြဲလိုလို အတူရှိနေနိုင်သည်။
ကျောင်းမှာကတည်းက ဒီနှစ်ယောက်က အတွဲညီညီ။
YiXingကလည်း JunMyeonကို အတော်သည်းခံနိုင်သည်။
အနေအေးပြီး စကားနည်းသည့် YiXingက အပေါင်းအသင်းဆို၍ Chanyeolနှင့် JunMyeonသာ ရှိပြီး JunMyeonကို သူငယ်ချင်းဆိုသည်ထက် ပိုပြီး အလျှော့ပေးကာ အလိုလိုက်လွန်းသည်။"JunMyeon...မင်း ခုချိန်ထိ YiXingကို အနိုင်ကျင့်လိုက် ၊ ငါတို့ကို ဒုက္ခပေးလိုက်နဲ့ နေရတာ မငြီးငွေ့သေးဘူးလား ။ ရည်းစားလေး ဘာလေး ထားဖို့ စိတ်ကူး မရှိဘူးလား ။ "
နှုတ်ခမ်းစွန်းတစ်ဖက်က ကော့တက်ကာ ခပ်ရွဲ့ရွဲ့အပြုံးနှင့် Chanyeolက ရည်းစား မရှိသည့် JunMyeonကို ဖဲ့သည်။
"ငါက အပူမရှာဘူး ။ "
သိပ်မသိသာပေမယ့် မျက်နှာမကောင်းဘဲ ဖြေလာသည့် JunMyeonရဲ့ မျက်လုံးတွေက YiXingကို ဝေ့ကြည့်လိုက်သည် ။
YiXingက JunMyeonရဲ့ အဖြေကို နားစိုက်ဟန် ရှိပေမယ့် တစ်ခွန်း တစ်ပါဒမျှ မပြော။"YiXing...မင်း ဆေးခန်းထိုင်ရတာရော အဆင်ပြေရဲ့လား ။ "
"အင်း..ပြေပါတယ် ။ "
BẠN ĐANG ĐỌC
Meaningless(Z/U)
Fanfictionအဓိပ္ပါယ် မရှိတာ မဟုတ်ဘူး Chanyeollie။ အဓိပ္ပါယ် သတ်မှတ်မထားတာ ။ ဘာသတ်မှတ်ချက်မှ မရှိဘဲ မင်း ဆိုတာကို ချစ်ခဲ့တာပါ။ ဝေးကွာသွားဖို့ အကြောင်းပြချက် ရှာစရာ မလိုပါဘူး ။ ဟိုးကတည်းကမှ ငါတို့ မနီးစပ်ခဲ့ကြပဲ။ ........(1.6.2020).......... အဓိပ္ပါယ် မရှိတာ မဟ...