"ဟယ်...ဘွားမြေး ဘာဖြစ်လာတာလဲ ။ "အိမ်ထဲ ဝင်လာသည့် Baekhyunကို မြင်မြင်ချင်း အဘွားက အနားကပ်လာကာ လူကို နာကျင်မှာစိုးတာကြောင့် မထိရက် ၊ မကိုင်ရက်သလို ။
ဘွားရဲ့ လက်ချောင်းလေးတွေက Baekhyunရဲ့ ပါးလေးတွေကို အသာပွတ်သပ်ပြီး မျက်ဝန်းတွေက စိုးရိမ်နေဟန် အထင်းသား ။"ဘာမှမဖြစ်ပါဘူး ဘွားရယ် ။ ကျောင်းမှာ ကစားရင်း ခိုက်မိပြီး မေးစေ့ကွဲသွားတာ ဟီး ။ အခုတော့ ထုံဆေးပေးပြီး ချုပ်ပေးထားတယ်လို့ ဒေါက်တာမမက ပြောလိုက်တယ် ။ မနာဘူး သိလား ။ "
မေးစေ့ကွဲပြီး ချုပ်လိုက်ရတာတောင် ရယ်ပြနေသေးတဲ့ အကောင်ပေါက်လေးကို ရိုက်လိုက်ချင်သည်။
သူမမှာ တွယ်တာစရာ ဒီမြေးလေး တစ်ယောက်တည်း ရှိသည့်အတွက် Baekhyunလေး ထိခိုက်မှာကို မလိုလား ။
အခုလို ထိခိုက်ဒဏ်ရာနဲ့ တွေ့လိုက်ရတာ သူမ ရင်ကို မီးဖြင့် မြိုက်သလို ပူလောင်နာကျင်စေသည်။"ဆေးပြယ်ရင် အရမ်းနာမှာပေါ့ မြေးရယ် ။ အဲ့လောက်ပဲ ကစားရလား ။ ဘယ်နှစ်ချက်တောင် ချုပ်လိုက်ရတာလဲ ။ ဘယ်လို နေသေးလဲ ။ "
"သုံးချက်ပဲတဲ့ ။ မနာပါဘူး ဘွားရာ ။ ကျောင်းကနေ အိမ်ထိတောင် ပြန်လာနိုင်သေးတယ် ။ဒါပေမယ့် နည်းနည်းတော့ မူးတယ် ။ "
အဘွား စိတ်ပူမှာ စိုးတာကြောင့် လူကြီးလေးလို ဖျောင်းဖျနေတဲ့ Baekhyunနှင့် ပူပန်ကြောင့်ကြနေသည့် အဘွားကို Chanyeol လွယ်အိတ်လေးနှစ်လုံးပိုက်ကာ ရပ်ကြည့်နေလိုက်သည်။
သူ စဉ်းစားနေတာက 'ထုံဆေးပေးပြီး သုံးချက် ချုပ်လိုက်ရတယ် ' ဆိုတဲ့ စကား ။
အဆော့လွန်သည့် Baekhyun မေးစေ့မှာ ဒဏ်ရာရသွားတာကြောင့် ပလာစတာလေး ကပ်ပေးထားသည်လို့ပဲ သူနားလည်တာ ။
မေးစေ့က ဒဏ်ရာကြောင့်လား မသိ ။ Baekhyunရဲ့ အောက်နှုတ်ခမ်းပါးလေးတောင် ယောင်ယောင်လေး ဖောင်းနေသည်။"Baekhyun...ငါ ပြန်တော့မယ် ။ "
"ဩော်...Chanလေး လိုက်ပို့တာလား ။ ကျေးဇူးပါ မြေးရယ် ။ မုန့်စားပြီးမှ ပြန်ပါလားကွယ် ။ "
ဘွားက လောကွတ်ပြုနေပေမယ့် မျက်ခွံလေးတွေ မို့အစ်နေသည့် ကောင်လေးကတော့ Chanyeolကို တစ်ခွန်းမှ မပြောဘဲ ငေးကြည့်နေခဲ့သည် ။
YOU ARE READING
Meaningless(Z/U)
Fanfictionအဓိပ္ပါယ် မရှိတာ မဟုတ်ဘူး Chanyeollie။ အဓိပ္ပါယ် သတ်မှတ်မထားတာ ။ ဘာသတ်မှတ်ချက်မှ မရှိဘဲ မင်း ဆိုတာကို ချစ်ခဲ့တာပါ။ ဝေးကွာသွားဖို့ အကြောင်းပြချက် ရှာစရာ မလိုပါဘူး ။ ဟိုးကတည်းကမှ ငါတို့ မနီးစပ်ခဲ့ကြပဲ။ ........(1.6.2020).......... အဓိပ္ပါယ် မရှိတာ မဟ...