28

568 143 38
                                    




ငါတို့အတူ ထိုင်ခဲ့ကြတဲ့ မင်း အိမ်ရှေ့က ခုံတန်းလေးရော ။
အဲ့ဒီခုံတန်းလေးမှာ မင်း ငါ့ကို အမြဲတမ်း စောင့်နေတတ်ခဲ့တယ် ။
မျက်စိစုံမှိတ်ပြီး ပန်းပေါင်းစုံရဲ့ ရနံ့သင်းပျံ့ပျံ့ကို ရှူရှိုက်ခဲ့ဖူးတယ် ။
သရက်ခြံထဲမှာလည်း ပြေးတမ်း လိုက်တမ်း ကစားခဲ့ဖူးတယ်။
ညဘက် ရောက်တဲ့အခါ သရက်တောမှာ ပိုးစုန်းကြူးအတူ ဖမ်းခဲ့တာလည်း မေ့လို့မရတဲ့ ပျော်ရွှင်စရာ အမှတ်တရလေး။

မိုးရွာတိုင်း မင်းကို လွမ်းဆွတ်မိစေတဲ့အထိ ငါတို့ အမှတ်တရတွေက များပြားလွန်းတယ် ။
ငယ်ငယ်ကလို မိုးရွာတိုင်း မိုးရေထွက်ကစားနေတုန်းပဲလား ။
နှုတ်ခမ်းတွေ ပြာတဲ့အထိ မိုးရေထဲမှာ ပျော်မြူးနေတတ်တဲ့ မင်းကို မရိုမသေ ဆူပူတတ်တဲ့ ငါ မရှိလည်း အဆင်ပြေနေတယ်မလား ။
အခုနေ မင်း နေမကောင်းတဲ့အခါ မင်း Appaက အဘွားKimလို ပျာပျာသလဲ ဂရုစိုက်ပေးရဲ့လား ။

ဘွား မရှိတော့ပေမယ့် မင်း Appaနဲ့ နေပျော်တယ်မလား ။

ပျော်နေဖို့ပဲ မျှော်လင့်ပါတယ် Baekhyunရယ် ။

အစိမ်းရောင် လွှမ်းသွားတဲ့ ငါတို့ရဲ့ သူငယ်ချင်း ဆက်ဆံရေးက မင်းကို ဂရုစိုက်ပေးဖို့ အခွင့်မရှိတော့ဘူး ။

အားလုံးထက် မင်းကို ခင်တွယ်ပြီး မင်းကိုပဲ ဂရုစိုက်ခဲ့တာတွေ သိခဲ့မှာပါ ။
အဲ့တာကြောင့်များ ငါ့အပေါ် ထားတဲ့ မင်းခံစားချက်တွေကို အရောင်ပြောင်းစေသလားကွာ ။

......

" Baekhyun...ထိခိုက်မိမယ် ။ သတိထားလေ ။ "

"ဟုတ်ကဲ့ ...တောင်းပန်ပါတယ်ခင်ဗျ ။ နောက်ကို သတိထားပါ့မယ် ။ "

ပုံမှန်ထက်ကို ပိုပြီး ခါးတစ်ချက် ကိုင်းပြီး တောင်းပန်နေသည့် Baekhyunကြောင့် Chanyeol သက်ပြင်းမောတစ်ချက် ချလိုက်မိသည်။

သူကိုက အနေမတတ်တာပါ ။
Baekhyunအလုပ်လုပ်သည့် ဆီဆိုင်တွင် Baekhyunရှိသည့်အချိန်မှ ဆီလာဖြည့်ခြင်းက တိုက်ဆိုင်မှု မဟုတ်သည့် ကြိုတင် တွက်ဆထားခြင်း ။
ကားပေါ်မှာပဲ စောင့်၍ ရသည်ကို ကားပေါ်မှ ဆင်းပြီး Baekhyunဆီဖြည့်ပေးသည့်အနားထိ သွားနေမိသည်။
ဆီဖြည့်သည့် ပိုက်ကြိုးခွေကို ခလုတ်တိုက်မိပြီး လဲကျမလိုဖြစ်ကာ ဟန်ချက်ပျက်သွားသည့် Baekhyunကို စိုးရိမ်တကြီး သတိပေးမိသည်။

Meaningless(Z/U)Where stories live. Discover now