" ကြက်သားဆန်ပြုတ်လေး ဝင်အောင် စားလိုက်ဦး Appa "
ကုတင်ပေါ် လှဲနေသည့် Appaကို တွဲထူပေးကာ ခေါင်းအုံးတွေကို ကုတင် ခေါင်းရင်းမှာ စီပေးပြီး မှီထိုင်စေသည်။
အကြောတွေ ထင်းပြီး အရိုးအဆစ်တွေပေါ်မှာ အရေပြား ဖုံးနေသလို ဖြစ်နေသည့် Appaလက်တွေကို မြင်ပြီး စိတ်မကောင်းဖြစ်မိသည်။
ရက်ပိုင်းအတွင်း ပိန်ချုံးကျသွားတာ မြင်ရက်စရာပင် မရှိ။
ချောင်ချသွားသည့် မျက်နှာမှာ ပါးတွေက ခွက်ဝင်ပြီး မျက်တွင်းတွေ ချိုင့်ကျနေသည်။ကုတင်ခေါင်းရင်းကို မှီထိုင်နေသည့် Appaလက်ထဲ ဆန်ပြုတ်ပန်းကန်လေး ထည့်ပေးလိုက်ပြီး Appaခြေရင်းမှာ ဝင်ထိုင်လိုက်သည်။
ခြေချောင်းတွေက ပုံမှန် မဟုတ်ဘဲ ဘေးကို ကားပြီး ခြေကျင်းဝတ်အဆစ်က စောင်းနေသည်။
Appaခြေဖဝါးတွေကို နှိပ်နယ်ပေးရင်း ဆန်ပြုတ် စားနေသည်ကို စောင့်နေပေးလိုက်သည်။" အခုတလော မစားနိုင်ဘူးလား ။ အရမ်းပိန်သွားတာပဲ ။ "
" သိပ်စားမဝင်လို့ပါကွာ ။ စိတ်မပူပါနဲ့ ။ ဒါနဲ့ အဆင်ပြေရဲ့လား Baekhyun "
Appaစကားကြောင့် ခေါင်းငုံ့လိုက်မိသည်။
ဘွား ကျွန်တော့်ကို စိတ်ဆိုးမှာလား ။
ဘွားအရမ်းတန်ဖိုးထားတဲ့ ဘွားရဲ့ အမွေအနှစ်ကို ကျွန်တော် မထိန်းသိမ်းနိုင်ခဲ့ဘူး ။
အေးချမ်းတိတ်ဆိတ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရတွေ အများကြီး ရှိသည့် Baekhyunတို့ ခြံလေး ။
နောက်ဆုံးအနေဖြင့် ဒီတစ်ခုကိုတော့ ကျန်ခဲ့စေချင်တာပါ ။
ခုတော့ ....။
" ဘွားရဲ့ အိမ်နဲ့ ခြံကို ရောင်းလိုက်ပြီ Appa ။ အကြွေးရှင်တွေက အချိန်မစောင့်ပေးဘဲ ခဏတိုင်း လာတောင်းနေကြလို့ ။ Appaလည်း နေသိပ်မကောင်းတော့ ဆေးဖိုးရှိသေးတယ်လေ "
Baekhyunမျက်နှာလေးက ပြုံးယောင်သမ်းနေပေမယ့် သူ့စိတ်ထဲမှာ ဘယ်လောက်တောင် ကြေကွဲနေလိုက်ရသလဲ ။
ကိုယ့်ကိုယ်ကိုယ် အသုံးမကျတဲ့ သူတစ်ယောက်လို ခံစားလိုက်ရသည်။
ဘာနဲ့မှကို မထိုက်တန်တဲ့ သူ ။
Appaကိုသာ သူ့အစွမ်းအစနဲ့ ပြည့်စုံအောင် ထားနိုင်လျှင် ဘွားရဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းထားနိုင်မည်။
အခု သူအသုံးမကျတာကြောင့် ....။
YOU ARE READING
Meaningless(Z/U)
Fanfictionအဓိပ္ပါယ် မရှိတာ မဟုတ်ဘူး Chanyeollie။ အဓိပ္ပါယ် သတ်မှတ်မထားတာ ။ ဘာသတ်မှတ်ချက်မှ မရှိဘဲ မင်း ဆိုတာကို ချစ်ခဲ့တာပါ။ ဝေးကွာသွားဖို့ အကြောင်းပြချက် ရှာစရာ မလိုပါဘူး ။ ဟိုးကတည်းကမှ ငါတို့ မနီးစပ်ခဲ့ကြပဲ။ ........(1.6.2020).......... အဓိပ္ပါယ် မရှိတာ မဟ...