Baekhyunတို့ လမ်းထိပ်မှာ Chanyeolကား ရပ်ပြီး လမ်းဆင်းလျှောက်ခဲ့ရတော့သည်။
ကား မဝင်သာအောင် ကျဉ်းမြောင်းနေသည့် လမ်းလေးမှာ Baekhyunနှင့် ChenHyung ၊ JunMyeonတို့က ရှေ့မှ ဦးဆောင်ပြီး သွားနေသည်။ YiXingက သူတို့နောက်တွင် လိုက်သွားပြီး Chanyeolကတော့ နောက်ဆုံးမှ တစ်လှမ်းချင်း လိုက်ပါလာခဲ့သည်။
Chanyeol ကားရပ်ခဲ့သည့် လမ်းထိပ်နားတွင် Marketလေး တစ်ခုသာ ရှိပြီး တိတ်ဆိတ်နေသည့် လမ်းကျဉ်းလေးက မှောင်ရီပျိုးစ အချိန်တွင် Baekhyunတို့ အဖွဲ့၏ ခြေသံနှင့် စကားပြောသံကိုသာ ကြားနေရသည်။
မှောင်ရီရီ လမ်းလေးက လမ်းမီးတိုင်ပင် မရှိ။ဒီအရပ်က လူတွေ ဘယ်လိုများ နေကြသည် မသိ။
အိုဟောင်းပြီး လူနေသည်ဟုပင် မထင်ရသော အခန်းတစ်ခန်း ရှေ့တွင် Baekhyunတို့ ရပ်လိုက်သည်။
Chanyeolကတော့ ဘေးဘီကို ဝေ့ဝဲကာ လျှောက်ကြည့်နေသည်။
တံခါးဖွင့်သံ တကျွီကျွီ ကြားရပြီး အခန်းကျဉ်းလေးထဲသို့ ဝင်သွားကြသဖြင့် Chanyeolလည်း ဖိနပ်ချွတ်ပြီး လိုက်ဝင်ခဲ့ရသည်။ကုတင်တစ်လုံးနှင့် စားပွဲပုလေးသာ ရှိသော အခန်းကျဉ်းလေး။
ကုတင်ခြေရင်းတွင် အဝတ်အိတ်လေးတစ်ခု။
ဘာမျှ ခင်းထားခြင်း မရှိသည့် အောက်ခြေ သမံတလင်းပေါ်သာ ထိုင်ချလိုက်ကြသည်။"ဘာမှတော့ ဧည့်ခံစရာ မရှိဘူး ။ "
Baekhyunက လည်ဂုတ်ကို ပွတ်ပြီး အားနာသလို ဆိုသည်။
ChenHyungက လက်ကာပြပြီး မလိုကြောင်း ပြောကာ Baekhyunကို အနောက်ဖက် အခန်းကျဉ်းလေးဆီ တွန်းပို့လိုက်သည်။"ငါ ရေချိုးလိုက်ဦးမယ် သိလား ။ ခဏနေကြဦး ။ "
ChenHyungက အသားကျသလို တည်ငြိမ်နေပေမယ့် Chanyeolနှင့် JunMyeonကတော့ မယုံနိုင်သလိုဖြစ်ပြီး အခန်းပတ်ပတ်လည်ကို ခေါင်းလည်ကာ ကြည့်နေမိသည်။
ကုတင်ပေါ်တွင် ရှိနေသည့် လူကြီးတစ်ယောက်က ကျန်းမာရေးကောင်းဟန် မတူ။
Chanyeolတို့အဖွဲ့ ရောက်လာသည်ကိုပင် ထမကြည့်နိုင်။ဒီလို နေရာမျိုးမှာ Baekhyunဘယ်လိုများ နေနိုင်ပါလိမ့်။
"ဦးလေးက နေမကောင်းပြန်ဘူး ထင်တယ် ။ "
ChenHyungရဲ့ စကားကြောင့် JunMyeonက အသံတိုးတိုးဖြင့် မေးလေသည်။
"အဲ့ဦးလေးကြီးက ဘယ်သူလဲ ။ "
YOU ARE READING
Meaningless(Z/U)
Fanfictionအဓိပ္ပါယ် မရှိတာ မဟုတ်ဘူး Chanyeollie။ အဓိပ္ပါယ် သတ်မှတ်မထားတာ ။ ဘာသတ်မှတ်ချက်မှ မရှိဘဲ မင်း ဆိုတာကို ချစ်ခဲ့တာပါ။ ဝေးကွာသွားဖို့ အကြောင်းပြချက် ရှာစရာ မလိုပါဘူး ။ ဟိုးကတည်းကမှ ငါတို့ မနီးစပ်ခဲ့ကြပဲ။ ........(1.6.2020).......... အဓိပ္ပါယ် မရှိတာ မဟ...