Appaဆုံးပြီး နောက်ပိုင်း Baekhyunချောင်ကျပြီး တိတ်ဆိတ်တဲ့ နေရာတွေကို ပိုသဘောကျလာသည် ။
ဘယ်သူမှ မရှိတဲ့ တစ်နေရာမှာ ငြိမ်ပြီး ထိုင်နေတတ်သည် ။
သူ့ရဲ့ မနက်ဖြန်တွေကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ မသိတော့။
မျှော်မှန်းချက်တစ်စုံတစ်ရာ မရှိတော့တာကြောင့် နေ့ရက်တွေက အဓိပ္ပါယ် မဲ့လာသည် ။အခုလည်း သူတို့သားအဖနှစ်ယောက်ရဲ့ အခန်းကျဉ်းလေးထဲမှာ တစ်ယောက်တည်း ။
အခန်းထောင့်လေးမှာ နံရံကို ဆောင့်ကြောင့်မှီထိုင်ပြီး ဒူးနှစ်ဖက်ပေါ် လက်ပိုက်ပြီးမျက်နှာအပ်ထားမိသည် ။အိပ်ချိန်နည်းပါးလွန်းတဲ့ သူ ကုတင်ကျဉ်းကျဉ်းလေး ပေါ်မှာ Appaရဲ့ ဘေးကို တိုးကပ်ပြီး အိပ်ခဲ့ရသည် ။
Appaက Baekhyunအပေါ် တယုတယနှင့် နွေးထွေးစွာ ဂရုစိုက်ပြခဲ့ခြင်း မရှိပေမယ့် ပင်ပင်ပန်းပန်း အလုပ်မှ ပြန်လာတဲ့အခါ အဆင်သင့်စောင့်ကြိုနေတဲ့ Appaကြောင့် အမောပြေခဲ့ရသည် ။Appa သူ့ကို အားနာနေသည်ကို Baekhyunသိသည် ။
သူ့အတွက် အဖေခေါ်စရာ ရှိနေသည်ဆိုတဲ့အတွေးက ဘယ်လောက်တောင် ပျော်ရွှင်ရလဲဆိုတာ သူကိုယ်တိုင်သာ သိသည် ။ငယ်ငယ်ကတည်းက အဖေ ဘယ်သူမှန်း မသိ ၊ အမေ့ ရင်ငွေ့လည်း မလှုံဖူးသူမို့ သူ့အတွက် အဖေရှိတယ်ဆိုတဲ့အခါ ပျော်ရွှင်ရတဲ့ ခံစားချက်က နှိုင်းဆ ပြ၍ မရ ။
ဘွား ဆုံးသွားပြီးနောက် ခိုလှုံစရာ အရိပ်တစ်ခုအဖြစ် Appaက ရှိနေပေးသည် ။
နေ့စဉ်ရုန်းကန်နေရတာကြောင့် Appaအနားမှာ အချိန်အတော်ကြာ ရှိမနေပေးနိုင်ပေမယ့် သူ Appaကို တကယ်ချစ်ပါသည် ။
အဖေဆိုတဲ့ အတွေးနဲ့ပင် ရင်ကို နွေးစေသည် ။တစ်နေ့တာရဲ့ အချိန်တော်တော်များကို Appaအနားမှာ နေပြီး ကုန်ဆုံးချင်သည် ။
တစ်ခါတရံ Appaနှင့် စနောက်ပြီး ပွင့်ပွင့်လင်းလင်း နေချင်သည် ။
စိတ်ခံစားချက် အဆင်မပြေတိုင်း Appaကို ဖွင့်ပြောချင်သည် ။ပင်ပန်းလာတိုင်း Appaပေါင်ပေါ် ပါးအပ်ပြီး ငြိမ်သက်စွာ နေချင်သည် ။
Appaရဲ့ လက်ဖဝါးတွေနဲ့ သူ့ရဲ့ ဆံပင်တွေကို ဖွပေးစေချင်သည် ။
YOU ARE READING
Meaningless(Z/U)
Fanfictionအဓိပ္ပါယ် မရှိတာ မဟုတ်ဘူး Chanyeollie။ အဓိပ္ပါယ် သတ်မှတ်မထားတာ ။ ဘာသတ်မှတ်ချက်မှ မရှိဘဲ မင်း ဆိုတာကို ချစ်ခဲ့တာပါ။ ဝေးကွာသွားဖို့ အကြောင်းပြချက် ရှာစရာ မလိုပါဘူး ။ ဟိုးကတည်းကမှ ငါတို့ မနီးစပ်ခဲ့ကြပဲ။ ........(1.6.2020).......... အဓိပ္ပါယ် မရှိတာ မဟ...