Chanyeolအိမ်မှာ စာရှင်းပြပြီးသည့် နောက်နေ့တွင်လည်း Baekhyunကျောင်းမတက်ခဲ့။
Chanyeolမှာတော့ သူ မမှားပေမယ့် အနည်းငယ် လွန်သွားတာကြောင့် စိတ်ထဲ စနိုးစနောင့်။
သူနဲ့ မျက်နှာချင်း မဆိုင်ချင်လို့များ Baekhyunအတန်းမတက်တာလားမသိ။"Chanyeol...တစ်နေကုန် မှုန်သုန်နေတာပဲ ။ ဘာဖြစ်တာလဲ ။ "
မှုန်ကုပ်ကုပ် မျက်နှာနှင့် တစ်နေကုန် ငြိမ်နေသည့် Chanyeolကို JunMyeonက မေးလာသည်။
ကျောင်းရဲ့ အဆင့်တစ် ကျောင်းသားကြီး ဒီနေ့ စာကို စိတ်မဝင်စားဘဲ ဘယ်လိုဖြစ်နေတယ် မသိ။"Chanyeol ...Baekhyunလည်း ကျောင်းမလာဘူး ။ ဘာဖြစ်လို့လဲ မသိဘူး ။ နှစ်ဝက် စာမေးပွဲ ဖြေဖို့ ၃ပတ်လောက်ပဲ လိုတော့တာ ။ အဲ့ကောင် စာရော ကြည့်ရဲ့လားပဲ ။
"မသိဘူးကွာ ။ သိချင်ရင် သူ့ကို သွားမေး ။ တတွတ်တွတ်နဲ့ နားငြီးလိုက်တာ ။ "
ဘောက်ဆတ်ဆတ်ပြောပြီး ပြတင်းပေါက်ဘက် လှည့်သွားသည့် Chanyeolက သူဘာမေးမေး ဖြေတော့မှာ မဟုတ်။
ဒါလေး မေးတာကို စိတ်တိုနေတာ ဒီကောင်တော့။
"ဟေ့ကောင်...ညနေကျ မင်းအိမ် လိုက်လာမှာ ။ ငါစာမေးစရာ ရှိလို့ ။ "
JunMyeonလည်း ကိုယ်ပြောချင်ရာ ပြောပြီး ခပ်တည်တည်နှင့် ဒီဘက် ပြန်လှည့်နေလိုက်သည်။
JunMyeonဘေးတွင် ထိုင်နေသည့် YiXingကတော့ ဆရာလွတ်သည်နှင့် ခုံပေါ် မှောက်အိပ်နေသည်။
ကြည့်မရတာကြောင့် အိပ်နေသည့် YiXingမျက်နှာပေါ် စာအုပ်တစ်အုပ် ပစ်ချလိုက်သည်။အလန့်တကြား ခေါင်းထောင်ကြည့်လာသည့် YiXingက JunMyeonလက်ချက်မှန်း သိတော့ ပြန်မှောက်အိပ်သွားသည်။
ကာလနဂါးကောင်။
ဆင်နင်းရင်တောင် နိုးမှာမဟုတ်ဘူး။
....
ညနေကျောင်းဆင်းချိန် ရှေ့မှ တစ်ယောက်တည်း သွားနေသည့် Chanyeolနောက်ကို JunMyeonမှီအောင် လိုက်ရသည်။
YiXingကတော့ JunMyeonနောက်တွင် သူ့စက်ဘီးကို တွန်းရင်း လိုက်လာသည်။"Chanyeol..."
Chanyeolပုခုံးကို ခုန်ပြီး ဖက်လိုက်တော့ အကြည့်စူးစူးတွေနှင့် JunMyeonကို ကြည့်လာသည်။
Chanyeolရဲ့ အရပ်ရှည်ရှည်ကို JunMyeonက ဆွဲဖက်ထားတာကြောင့် Chanyeolကို ခိုစီးသလိုဖြစ်ပြီး Chanyeolက ဒူးကွေးထားရသည်။
YOU ARE READING
Meaningless(Z/U)
Fanfictionအဓိပ္ပါယ် မရှိတာ မဟုတ်ဘူး Chanyeollie။ အဓိပ္ပါယ် သတ်မှတ်မထားတာ ။ ဘာသတ်မှတ်ချက်မှ မရှိဘဲ မင်း ဆိုတာကို ချစ်ခဲ့တာပါ။ ဝေးကွာသွားဖို့ အကြောင်းပြချက် ရှာစရာ မလိုပါဘူး ။ ဟိုးကတည်းကမှ ငါတို့ မနီးစပ်ခဲ့ကြပဲ။ ........(1.6.2020).......... အဓိပ္ပါယ် မရှိတာ မဟ...