31

640 148 27
                                    

"YiXing..."

JunMyeonရဲ့ ခေါ်သံကြောင့် လှည့်ကြည့်လာသည့် ခန္ဓာကိုယ်က တစ်စုံတစ်ယောက်၏ လက်မောင်းကို တွဲကူပေးထားသည် ။
မျက်ခုံးတန်းလေးတွေရဲ့ အောက်မှာ ကြည်လဲ့နေတဲ့ မျက်ဝန်းအိမ်က ပနံသင့်နေသည် ။
မျက်ဆံလေးတွေက နက်မှောင်ကာ အရည်ကြည်တို့ လဲ့နေသည် ။
နှာတံစင်းစင်း ၊ နှုတ်ခမ်းပါးပါးတို့က လှပလွန်းသည် ။

"Ge Ge.."

YiXingမျက်နှာကို မော့ကြည့်ပြီး ခေါ်လိုက်သည့် ကောင်မလေးက YiXingရဲ့ ပုခုံးပင် မမှီသော အရပ်ကြောင့် YiXingရင်ခွင်ထဲ ကပ်မှီထားသလို ဖြစ်နေသည် ။
စကားပြောလိုက်သည့်အခါ ပါးနှစ်ဖက်က ပါးချိုင့်လေးတွေနှင့် ချစ်စရာကောင်းနေပြန်သည် ။

" သူက JunMyeon ...Geသူငယ်ချင်း "

ထိုမှလောက်ပဲ နားလည်လိုက်သည် ။
နောက်ဆက်တွဲပြောနေသည့် စကားတွေက JunMyeonနားမလည်သည့် ဘာသာစကားနှင့် ပြောဆိုနေကြသည် ။
မျက်ဝန်းကြည်ကြည်လေးတွေနှင့် JunMyeonဘက်ကို ကြည့်လာတတ်သည့် ကောင်မလေးရဲ့ မျက်နှာက ရွှင်ပြုံးနေသည် ။

"JunMyeon...သူက Qian ...Chinaကနေ Koreaကို ခဏအလည်လာတာ ။ "

"ဩော်..."

ပြုံးပြပြီး ခေါင်းတစ်ချက်ညွတ်ကာ နှုတ်ဆက်လိုက်သည် ။

" Qianက ကိုရီးယား စကားကို နည်းနည်းတော့ နားလည်တယ် ။ "

YiXingလက်မောင်းကို ဆွဲပြီး မျက်နှာလေး မော့ကာ YiXingကို တစ်စုံတစ်ရာ ပြောနေပြန်သည် ။
စိတ်အလိုမကျသလို နှုတ်ခမ်းလေး ဆူပြီး ပြောနေသည့် ကောင်မလေးနှင့် ပါးချိုင့်နက်နက်တို့ ပေါ်လွင်အောင် ပြုံးပြီး ကြည့်နေသည့် YiXing ။
သူတို့နှစ်ယောက်ကို မြင်သမျှ သူတိုင်းက ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းသော စုံတွဲအဖြစ် ထင်မြင်မိကြမည်မှာ မလွဲဧကန် ။

JunMyeonကိုယ့်ကိုယ်ကိုယ် လူပိုတစ်ယောက်အဖြစ် ခံစားလာရသည် ။
ကိစ္စရှိသည်ဟု ဆိုကာ ခွင့်ယူထားသည့် YiXingက ကောင်မလေးတစ်ယောက်ကို အချိန်ပေးနေရမည်ဟု ထင်မထားခဲ့ ။
တစ်နေကုန် တစ်ယောက်တည်းဟု ခံစားရကာ ယောင်ချာချာ ဖြစ်နေသမျှ YiXingကို မြင်နေသည့် ပြေပျောက်သွားသည့် သူ့ခံစားချက်ကို မစမ်းစစ်ချင်တော့ ။
နှစ်ယောက်အတူသွားနေကြ Coffeeဆိုင်လေးက ပုံမှန်ဆို နွေးထွေးနေတတ်ပေမယ့် ဒီနေ့မှ အေးစက်နေသလို ။

Meaningless(Z/U)Where stories live. Discover now